နေ့သင်တန်းများ ဖွင့်လှစ်ကြောင်းကြေညာခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
ကြေညာချက်
နေ့သင်တန်းများဖွင့်လှစ်ကြောင်းကြေညာခြင်း


ပညာရေးဝန်ကြီးဌာန၊  အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်အသီးသီး တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်   နေ့သင်တန်းများဖြစ်သော   ပထမနှစ်၊  ဒုတိယနှစ်၊  တတိယနှစ်၊ ဂုဏ်ထူးတန်းပထမနှစ် သင်တန်းများနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နေ့သင်တန်းများဖြစ်သော  ပဉ္စမနှစ် ဥပဒေပညာ၊ ပဉ္စမနှစ်ပညာရေး၊ ဂုဏ်ထူးတန်းတတိယနှစ်၊ မဟာအရည်အချင်းစစ်သင်တန်းနှင့် မဟာဘွဲ့သင်တန်းများအားလုံးကို ၁၂-၅-၂၀၂၂ ရက်နေ့မှ  စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း  ကြေညာ လိုက်သည်။


    အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန