နေရပ်စွန့်ခွာသူများ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ထောက်ပံ့ကူညီ

 

မြစ်ကြီးနား   သြဂုတ်   ၂၇


ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ    ရာနှုန်း ပြည့်      ဆောင်ရွက်နိုင်ရေးနှင့်  နေရပ်စွန့်ခွာသူများအတွက် စိုက် ပျိုးမွေးမြူရေး  တိုးမြှင့်လုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက်  ပြည် နယ်အစိုးရက   ထောက်ပံ့ကူညီမှု များကို   သြဂုတ်   ၂၆ ရက်က   ဆောင်ရွက်သည်။
နှာခေါင်းစည်းများ ဖြန့်ဝေ
ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်သည် ဩဂုတ် ၂၅ ရက်က     ပူတာအိုမြို့    လေယာဉ်ကွင်း ရပ်ကွက်ဈေး၌    ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်း စည်းများ ဖြန့်ဝေပေးသည်။
ထို့မှတစ်ဆင့်   မချမ်းဘော မြို့နယ်အတွင်း ကောင်းမှုလုံစေတီ တော်ကို   သွားရောက်ဖူးမြော် ကြည်ညိုကြပြီး နဝကမ္မအလှူငွေ များ လှူဒါန်းကာ ဂေါပကအဖွဲ့ဝင် များ၏ ဘုရားပိုင်မြေနေရာ ရရှိရေး တင်ပြချက်များအပေါ်   လုပ်ထုံး လုပ်နည်းနှင့်အညီ   ဆောင်ရွက် ပေးနိုင်ရေး   ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။ 
ထို့နောက် ပူတာအိုမြို့နယ် ဂျူဗလီကျေးရွာတွင်   မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်နှင့် ပျိုးပင် များ  ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဇီထမ်း ကျေးရွာ မြေဧက ၆၀ ပေါ် နေရပ် စွန့်ခွာသူများ        ရွှေ့ပြောင်း နေရာချထားပေးသည့်   အိမ်ရာ စခန်းအတွင်း    ခန်းမဆောင်၌ နေရပ်စွန့်ခွာမိသားစုများ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရေးအတွက် ဒေသကြက် ကောင်ရေ ၃၀၀၊ ဝက် ရှစ်ကောင် နှင့်   မန်ဂျန်ရှားအပင်   ၃၀၀၊ နေအိမ်ခြံဝင်းများအတွင်း စိုက်ပျိုး ရန်အတွက်   ဟင်းသီးဟင်းရွက် မျိုးစေ့များ၊  မွေးမြူရေးအထောက် အကူပြု         ဆေးဝါးပစ္စည်း        များကို            ထောက်ပံ့ပေးအပ်      ကြသည်။  


ထို့မှတစ်ဆင့်    ပြည်နယ် ဝန်ကြီးချုပ်သည်    ပူတာအို တပ်နယ် ဧက ၅၀၀ ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံရှိ ကြက်မွေးမြူရေး ခြံနှင့်   ဝက်မွေးမြူရေးခြံတို့ကို လှည့်လည်ကြည့်ရှု   စစ်ဆေးကာ ဘက်စုံခြံအတွက်   ဂရိတ်ဖရုပျိုးပင် များနှင့်   မွေးမြူရေးအထောက် အကူပြုဆေးဝါးများ   ထောက်ပံ့ ပေးအပ်သည်။
ထောက်ပံ့ပေးအပ်
ယင်းနောက် ဂျူဗလီကျေးရွာ အတွင်း ပုဂ္ဂလိကပိုင်ခြံစိုက်ခင်း အတွင်း ကြယ်ပဲစိုက်ခင်း တစ်ဧက ၌   ကြယ်ပဲသီးများ   အောင်မြင် ဖြစ်ထွန်းနေမှု   အခြေအနေကို လှည့်လည်ကြည့်ရှု  စစ်ဆေးပြီး  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမဆောင်၌ ပူတာအို မြို့နယ်အတွင်းရှိ    ခရစ်ယာန် ဘာသာရေးအဖွဲ့ သုံးဖွဲ့နှင့် တွေ့ဆုံ ပြီး ဘာသာရေးအဖွဲ့ တစ်ဖွဲ့လျှင် ငွေကျပ် သုံးသိန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်   ကိုးသိန်းကို ထောက်ပံ့ပေးအပ်ကြောင်း သိရ သည်။


ပြည်နယ် 
(ပြန်/ဆက်)