နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်

 

နေပြည်တော်    ဇွန်    ၇


ထူးခြားသည့်    အခြေအနေများမှာ   ယနေ့ မြန်မာစံတော်ချိန်    မွန်းလွဲ   ၁၂    နာရီခွဲ   တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်    အရှေ့အလယ်ပိုင်းတွင်  လေဖိအား နည်းဆဲလ်တစ်ခု    ဖြစ်ပေါ်နေပြီး    အဆိုပါ   လေဖိအားနည်းဆဲလ်၏      အရှိန်ကြောင့်     မုတ်သုံလေအားကောင်းရာမှ    အားအလွန် ကောင်းနေကာ       စစ်ကိုင်းတိုင်းဒေသကြီး  အောက်ပိုင်း၊  မကွေးတိုင်းဒေသကြီး၊    ဧရာ ဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့်    ရခိုင် ပြည်နယ်တို့တွင်    နေရာအနှံ့အပြား     မိုး ထစ်ချုန်းရွာပြီး   ဒေသအလိုက်နှင့်   နေရာ ကွက်၍ မိုးကြီးနိုင်သည်။
ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့်     ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းတို့တွင်            မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေသည်။
မနက်ဖြန်အတွက်    ခန့်မှန်းချက်မှာ မကွေးတိုင်းဒေသကြီး၊  ရန်ကုန်တိုင်းဒေသ ကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊  တနင်္သာရီ တိုင်းဒေသကြီး၊    ရခိုင်ပြည်နယ်၊      ကရင် ပြည်နယ်နှင့်    မွန်ပြည်နယ်တို့တွင်      မိုးပို လာမည်။
မိုး/ဇလ