နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

နေပြည်တော်   ဇွန်    ၈


၂၀၂၂ ခုနှစ် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း(အမျိုးသား၊ အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက  ဥတ္တရသီရိ တပ်နယ်ရှိ  နယ်မြေခံသင်တန်းကျောင်း  စက်ပစ်ကွင်း၌ ကျင်းပရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ များ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းမှူးက   အမှာစကားပြောကြားပြီး    မိုးပျံပူဖောင်းကို ပစ္စတိုဖြင့် ပစ်ခတ်၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။

 

ထို့နောက် တိုင်းမှူးနှင့်  တက်ရောက်လာကြသူများက   ပစ္စတိုထိလဲပစ်ခတ်စဉ် သရုပ်ပြပစ်ခတ်မှုများကို ကြည့်ရှုအားပေးကြသည်။

 


အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၁ သင်းနှင့် အမျိုး သမီးအသင်း ၁၁ သင်းတို့ဖြင့် ဇွန် ၂၂ ရက်အထိ ယှဉ်ပြိုင်ပစ်ခတ်သွားမည်ဖြစ်ကြောင်း သိရသည်။                                        

သတင်းစဉ်