နေပြည်တော်(တောင်ညို) - မြို့သစ် - ကန်ပြား (မကွေး) လမ်း အဆင့်မြှင့်တင်လျက်ရှိ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၇


နေပြည်တော်          (တောင်ညို)-မြို့သစ်-ကန်ပြား (မကွေး) လမ်း ကို ၂၄ ပေ အကျယ် ကတ္တရာလမ်း အဖြစ်    အဆင့်မြှင့်တင်လျက်ရှိ ကြောင်း    မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ သိရသည်။

 


နေပြည်တော်  (တောင်ညို)-မြို့သစ်-ကန်ပြား (မကွေး) လမ်း သည်     နေပြည်တော်ကောင်စီ နယ်မြေနှင့် မကွေးတိုင်းဒေသကြီး ကို   ချိတ်ဆက်   ဆက်သွယ်ပေး ထားသော လမ်းပိုင်း တစ်ခုဖြစ်ပြီး  စုစုပေါင်း  လမ်းမိုင်အရှည် ၇၉/၄ မိုင်   အရှည်ရှိကာ   မကွေးတိုင်း ဒေသကြီးအတွင်း      ပါဝင်သည့် ၅၆  မိုင် ၆ ဖာလုံကို မကွေးခရိုင် လမ်းဦးစီးဌာနမှ တာဝန်ယူအဆင့် မြှင့်တင်လျက်ရှိသည်။

 


“လမ်းက ကတ္တရာလမ်းအဖြစ် အသုံးပြုနိုင်ပြီးသား ဖြစ်ပါတယ်။  ပြည်သူတွေ ပိုမိုအဆင်ပြေလွယ်ကူစွာသွားနိုင်ဖို့ ၁၈ ပေ အကျယ်ရှိတဲ့  ကတ္တရာလမ်းကို ၂၄ ပေ အကျယ်ရှိတဲ့ ကတ္တရာလမ်းအဖြစ် အဆင့် မြှင့်တင်မှု ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကုန်တဲ့ အချိန်မှာ ၂၄ ပေ အကျယ်က ၁၀ မိုင်  ၆  ဖာလုံရှိမှာ ဖြစ်ပါ တယ်။ ၁၈ ပေ  အကျယ်က ၄၆ မိုင် ကျန်ရှိမှာဖြစ်ပါတယ်။  ဒါကြောင့်  မကွေးဘက်ခြမ်းမှာ  လမ်းပိုင်းအဆင့်မြှင့်တင်မှုဟာ  ရာခိုင်နှုန်းအား ဖြင့်  ၁၉  ရာခိုင်နှုန်းပြီးစီးမှာဖြစ်ပါတယ်”  ဟု  မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ    ညွှန်ကြားရေးမှူး   (မြို့ပြ)   ဦးစံမင်းအောင်    က ပြောကြားသည်။

 


ပြည်သူများ ပိုမိုအဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရန်နှင့် ယာဉ် များ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရန်အတွက်  လမ်းဦးစီးဌာန၏  ရည်ရွယ်ချက်၊ စီမံချက်နှင့်အညီ ရရှိသည့်ရန်ပုံငွေအပေါ် မူတည်ကာ  ၂၄ ပေအကျယ်ချဲ့ရန် ကျန်ရှိနေသော ၁၈ ပေ အကျယ် ကတ္တရာလမ်း  ၄၆ မိုင်ကို ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရှိရသည်။                         

မင်းဟန်