နေပြည်တော်သတင်းစာတိုက်၀န်ထမ်းမိသားစု ရေကစားမဏ္ဍပ်၌ ပျော်ရွှင်စွာ ရေကစား

 

နေပြည်တော်   ဧပြီ    ၁၃


နေပြည်တော်   ဇေယျာသီရိမြို့နယ်   ခရေပင်လမ်းခွဲရှိ   ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း နေပြည်တော်သတင်းစာ တိုက်ဝင်း   မိသားစုရေကစားမဏ္ဍပ်၌   ယနေ့ သင်္ကြန်အကြို‌နေ့တွင် ဝန်ထမ်းများနှင့်  မိသားစုများ ပျော်ရွှင်စွာရေကစားလျက်ရှိကြောင်း သိရသည်။

 


အဆိုပါ မိသားစုရေကစားမဏ္ဍပ်၌ မြန်မာ့အလင်း၊ ကြေးမုံသတင်း  စာတိုက်များမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများက  စတုဒိသာများ ကျွေးမွေးဧည့်ခံပြီး  ရေသဘင်ပွဲပျော်ရွှင်စွာ  ကျင်းပကြသည်။   ကျန်ရှိ သည့်   သင်္ကြန်ရက်များတွင်လည်း  အလှူရှင်များက   စတုဒိသာများ ဧည့်ခံကျွေးမွေးသွားမည့်အပြင် ပျော်ရွှင်စွာရေကစားနိုင်ရန် ရေပိုက်၊  ရေပန်းများဖြင့် စနစ်တကျ ပြင်‌ဆင်ဆောင်ရွက်ထားရှိကြောင်း နေပြည် တော်သတင်းစာတိုက် တာဝန်ခံ ဦးစန်းထွန်းထံမှ သိရသည်။  


ဇော်ဘီ၊ ဓာတ်ပုံ-ကိုဖြိုး