
နေပြည်တော် စက်တင်ဘာ ၂၅
နေပြည်တော် ရေရှည်သာယာလှပစေရန် မြို့ပြစီမံ ကိန်းရေးဆွဲရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေး အတွက် လျာထားဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော် စည်ပင်သာယာ ရေးကော်မတီ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်း ထိန်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ တာဝန်ရှိ သူများ၊ မြို့ပြစီမံကိန်းရေးဆွဲရေးပညာရှင် ဦးဝင်းမြင့်၊ သက်ဆိုင်ရာ ဌာနမှူးများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်က နေပြည်တော်သည် အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည်နှင့်အညီ မြို့တော် အင်္ဂါရပ်နှင့်ကိုက်ညီအောင် ဆောင်ရွက်အကောင် အထည်ဖော်ရန်အတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ မြို့များ အနက် နေပြည်တော်သည် စံပြမြို့တော်ဖြစ်ရမည် ဟူသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ရန် တွေ့ဆုံ ဆွေးနွေးရခြင်းဖြစ်ကြောင်း၊ မြို့တော်အား Green City၊ Clean City နှင့်Smart City မြို့တော်ဖြစ်ပေါ် စေရန် ပြည့်စုံကောင်းမွန်သည့် မြို့ပြစီမံကိန်းရေးဆွဲ ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြ သူများက နေပြည်တော် ရေရှည်သာယာလှပစေရန် မြို့ပြစီမံကိန်းရေးဆွဲရေးလုပ်ငန်းများ အဆင့်မြှင့်တင် နိုင်ရေးအတွက် လျာထားဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို အကြံပြု ဆွေးနွေးတင်ပြကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်