
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရှိ တပ်မတော်ပန်းခြံ၌ ရေပန်းများ၊ မီးအလှများ တပ်ဆင်ထားရှိပြီး တပ်မတော်နေ့ အထိမ်းအမှတ် မီးရှူးတိုင်၊ ပထမ၊ ဒုတိယ၊ တတိယမြန်မာနိုင်ငံတော်ကို ထူထောင် ခဲ့သော အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ မင်းမြတ်သုံးပါး ရုပ်တုတို့အား အများပြည်သူ မည်သူမဆို ဝင်ရောက်ကြည့်ရှု အပန်းဖြေလေ့လာနိုင်ရန် တပ်မတော် ပန်းခြံအား မတ်လ ၂၈ ရက်မှ ဧပြီလ ၁ ရက် အထိ နေ့စဉ် ညနေ ၅ နာရီမှ ည ၉နာရီခွဲအထိ ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။