
နေပြည်တော် မေ ၂၆
နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့ နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာကန် အမှတ်(၁)ရှိ ကန်ပတ်လမ်းတွင် Pattern Design ဖြင့် Concrete Block ခင်းခြင်းလုပ်ငန်း ဆောင် ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထိုသို့ ကြည့်ရှုရာတွင် တာဝန် ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်း တင်ပြကြပြီး ဒုတိယမြို့တော်ဝန် က နေပြည်တော်ရှိ အများပြည်သူ များ စိတ်အေးချမ်းသာစွာ လာရောက် အပန်းဖြေစေနိုင်ရန် ရည်ရွယ်၍ မင်္ဂလာကန်တွင် ကန်ပတ်လမ်း အဆင့်မြှင့်တင် တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင် ရွက်လျက်ရှိရာ လုပ်ငန်းများကို စနစ်တကျဖြင့် သေသပ်စွာ ဆောင်ရွက်ရေး၊ လုပ်ငန်းအချိန်မီ ပြီးစီးစေရေးတို့ကို မှာကြားခဲ့ပြီး မင်္ဂလာကန် အမှတ်(၁)ရှိ ပတ်လမ်း (၁) လမ်းအရှည်ပေ ၂၀၈၀၊ ပတ်လမ်း(၂) လမ်း အရှည်ပေ ၁၃၉၀ နှင့် ပတ်လမ်း (၃) လမ်း အရှည်ပေ ၁၄၉၀ ၊ စုစုပေါင်း လမ်းအရှည်ပေ ၄၉၆၀ တို့တွင် Pattern Design ဖြင့် Concrete Block ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်