
နေပြည်တော် သြဂုတ် ၅
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌဟောင်း၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌဟောင်းနှင့် ဒုတိယမြို့တော်ဝန် ဟောင်း တာဝန်များထမ်းဆောင်ခဲ့သော ဦးရဲမင်းဦး၏ ဆောင်ရွက် ချက်များနှင့် နေပြည်တော်မြို့မဈေး၌ မီဒီယာစင်တာ ဆောက်လုပ် ခြင်းတို့နှင့် ပတ်သက်၍ အဂတိလိုက်စားမှုများအပေါ် စိစစ်ဖော်ထုတ် ပေးနိုင်ပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌဟောင်း ဦးရဲမင်းဦးသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၏ ဘဏ်အမည်သစ် ပြောင်းလဲမှုနှင့် အများပြည်သူမှ ပိုမိုသိရှိပြီး ဝန်ဆောင်မှုများပေးနိုင် စေရန်အတွက် Digital Marketing Services Facebook ကြော်ငြာ ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့် အညီ လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများကို ဖောက်ဖျက်၍ ဝန်ဆောင်မှုကို အခြားကုမ္ပဏီများ ထက် အခကြေးငွေပိုမိုလျက် အမှန်တကယ်လုပ်ငန်းတည်ရှိမှု မရှိ သည့် ၎င်းနှင့်ဆက်စပ်သည့် ကုမ္ပဏီတစ်ခုသို့ ၃-၈-၂၀၂၀ ရက်နေ့ တွင် ကြော်ငြာလုပ်ငန်း ငှားရမ်းခြင်းပြုရာတွင် မြန်မာငွေကျပ် ၂၈ သန်းကျော်ကို ပိုမိုခွင့်ပြုပေးခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုတို့ကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေ ခဲ့ကြောင်း။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌဟောင်း ဦးရဲမင်းဦးသည် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေမူဝါဒနှင့် လုပ်ထုံးလုပ်နည်း များနှင့် ကိုက်ညီမှုမရှိဘဲ မြေဂရန်သက်တမ်းကုန်ဆုံးနေခြင်း၊ ဂရန် အမည်ပေါက်ပြောင်းလဲရန်လိုအပ်ခြင်း စသည့်စာရွက်စာတမ်း အထောက် အထား မပြည့်စုံဘဲ ၎င်းနှင့်ဆက်စပ်သည့် ပုဂ္ဂိုလ်နှစ်ဦးအား ၁၆-၃-၂၀၂၀ ရက်နေ့ တွင် ငွေကျပ်သန်း ၁၇၀ ကို စာချုပ်ချုပ်ဆို ထုတ်ချေး ခဲ့ခြင်းကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေခဲ့ကြောင်း။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌဟောင်း ဦးရဲမင်းဦးသည် ၎င်းနှင့်ဆက်စပ်သည့် ပုဂ္ဂိုလ်တစ်ဦး၏ အိမ်နှင့် မြေအား အာမခံပြုလုပ်၍ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ ငွေချေးယူရာတွင် ချေးငွေဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုကော်မတီမှ ငွေကျပ်သန်း ၄,၂၅၀ သာ ချေးယူသင့်ကြောင်း အကြံပြုတင်ပြမှုကို လျစ်လျူရှု၍ ချေးငွေကျပ်သန်း ၄,၅၀၀ အား ၂၈-၉-၂၀၂၀ ရက်နေ့တွင် ချေးယူခွင့်ပြုခဲ့ခြင်း၊ ထပ်တိုးချေးငွေ ကျပ် သန်း ၄၅၀ အား ထပ်မံခွင့်ပြုခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခဲ့ကြောင်း။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌဟောင်း ဦးရဲမင်းဦးသည် ပုဂ္ဂိုလ် တစ်ဦးမှ မြေနှင့်အိမ်အား အာမခံပြုလုပ်၍ ချေးငွေရယူထားမှုကို ကုမ္ပဏီတစ်ခုအမည်ပြောင်းပြီး ချေးငွေဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု ကော်မတီမှ ထောက်ခံသည့် ငွေကျပ်သန်း ၄,၇၁၉ အပေါ် ငွေကျပ် ၈၁ သန်း ပိုမိုပြီး ၂၈-၉-၂၀၂၀ ရက်နေ့တွင် ငွေကျပ်သန်း ၄,၈၀၀ ထုတ်ချေးခဲ့ခြင်းသည် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေမူဝါဒ နှင့်ကိုက်ညီမှုမရှိဘဲ ထုတ်ချေးခဲ့ခြင်းကြောင့် နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေခဲ့ကြောင်း။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဟောင်း၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌဟောင်း ဦးရဲမင်းဦးသည် နေပြည်တော် မြို့မဈေးပွဲရုံတန်း၌ Information Center တည်ဆောက် ရန် ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်မှုမရှိဘဲ ၎င်းနှင့်ဆက်စပ်သည့် ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုသို့ ၆-၁-၂၀၂၁ ရက်နေ့တွင် လုပ်ငန်းတန်ဖိုး ငွေကျပ် ၁၆၉ သန်းကျော်ဖြင့် စာချုပ်ချုပ်ဆိုငှားရမ်းခဲ့ခြင်း၊ ကုမ္ပဏီက တင်ဒါ စီမံကိန်းမဟုတ်ဘဲ တင်ဒါစီမံကိန်းဟုဖော်ပြပြီး နေပြည်တော်ဖွံ့ဖြိုး ရေးဘဏ်မှ ချေးငွေအဖြစ် ငွေကျပ် ၅၉ သန်းကျော် ချေးယူရာတွင် ထုတ်ချေးရန် အတည်ပြုဆုံးဖြတ်ခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေ ခဲ့ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဦးရဲမင်းဦးအပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်ကောင်စီ နယ်မြေ အမှတ်(၁)နှင့် အမှတ်(၅)မြို့မရဲစခန်းတို့တွင် ၅-၈ ၂၀၂၁ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
သတင်းစဉ်