နေပြည်တော်နည်းပညာတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်တွင် နည်းပညာတက္ကသိုလ်တစ်ခုကို ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခြင်းအားဖြင့် နိုင်ငံတော်၏မြို့တော်ဂုဏ်အင်္ဂါရပ်နှင့် 
ကိုက်ညီပြည့်စုံစေပြီး နိုင်ငံတော်အတွက် လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များကို ပိုမိုမွေးထုတ်လေ့ကျင့်ပေးနိုင်မည်

 

နေပြည်တော်  နိုဝင်ဘာ   ၁၂


ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံ တော်  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန  နေပြည်တော်  နည်းပညာတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကို  ယနေ့   နံနက်ပိုင်းတွင်    ကျင်းပပြုလုပ်ရာ   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး       မင်းအောင်လှိုင်  တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကား ပြောကြားသည်။

 


အခမ်းအနားသို့       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊     ကောင်စီဝင်များ  ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး   မြထွန်းဦး၊  ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊   ဒုတိယ   ဗိုလ်ချုပ်ကြီး   မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊  ဒေါ်အေးနု စိန်၊ Jeng  Phang နော်တောင်၊ ဦးမောင်း ဟာ၊    ဦးစိုင်းလုံးဆိုင်၊   စောဒန်နီယယ်၊   ဒေါက်တာ    ဗညားအောင်မိုး၊    ဒုတိယ ဗိုလ်ချုပ်ကြီး   စိုးထွဋ်၊     ဦးရွှေကြိမ်းနှင့်     ဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့်၊   ပြည် ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊          တပ်မတော်အရာရှိကြီးများ၊  နေပြည်တော်တိုင်း   စစ်ဌာနချုပ်တိုင်းမှူး၊  ဒုတိယ ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ၊ ဆရာ ဆရာမ များနှင့် ကျောင်းသား  ကျောင်းသူများ တက်ရောက် ကြသည်။

 


ဖဲကြိုးဖြတ်ဖွင့်လှစ်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး  တင်အောင်စန်း၊  သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး    ဒေါက်တာ မျိုးသိန်းကျော်နှင့်    နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်တို့က    နေပြည်တော်    နည်းပညာ တက္ကသိုလ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး   မင်းအောင်လှိုင်က   နေပြည်တော်နည်းပညာ တက္ကသိုလ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး ပြီး   ကမ္ပည်းမော်ကွန်းအား   အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

 


ထို့နောက်   စုဝေးခန်းမအတွင်း   နေပြည်တော် နည်းပညာတက္ကသိုလ်  ဖွင့်ပွဲအထိမ်းအမှတ်အခမ်း အနားကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးဝန်ကြီး ဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ယိမ်းအဖွဲ့က တက္ကသိုလ်နန်းတေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေ ကြသည်။

 


အဖွင့်အမှာစကား ပြောကြား


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ အခမ်းအနားသည် အဆင့် မြင့် သိပ္ပံနှင့်နည်းပညာ ကဏ္ဍတွင် ထူးခြားဆန်းသစ် စေမည့် နိုင်ငံတကာအဆင့်မီ နည်းပညာတက္ကသိုလ် တစ်ခုကို   မြို့တော်နေပြည်တော်တွင်   ဖွင့်လှစ်နိုင် သည့်အတွက်      ထူးခြားလေးနက်မှုများနှင့်အတူ ကျက်သရေမင်္ဂလာရှိသည့် နေ့တစ်နေ့လည်းဖြစ်ပါ ကြောင်း။

 


နေပြည်တော် ဒေသခံပြည်သူများ၏ သားသမီး များနှင့်  အနယ်နယ်အရပ်ရပ်မှ  ထူးချွန်ကျောင်းသူ ကျောင်းသားများအတွက် သင်ကြား၊ သင်ယူမှုအခွင့် အလမ်းများ ပိုမိုရရှိစေရန်၊ အဆင့်မြင့်အင်ဂျင်နီယာ ပညာရပ်များကို       လေ့လာသင်ယူခွင့်ရရှိစေရန်၊  ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေး ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်  ပြည်သူများ၏  လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်စေ ရန် ရည်ရွယ်ပြီး နိုင်ငံအတွက် အကျိုးကျေးဇူးများစွာ ကို မျှော်လင့်ပြီး နေပြည်တော်နည်းပညာ တက္ကသိုလ် ကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း။

 


ရန်ကုန်နည်းပညာတက္ကသိုလ်၊        မန္တလေး နည်းပညာတက္ကသိုလ်များကဲ့သို့      အဆင့်မြင့် တက္ကသိုလ်ကြီးတစ်ခု    ဖြစ်လာစေရန်ရည်ရွယ်ပြီး အစိုးရနည်းပညာကောလိပ်  (နေပြည်တော်)    ကို နေပြည်တော်နည်းပညာတက္ကသိုလ်အဖြစ် အဆင့် မြှင့်တင် ဖွဲ့စည်းတည်ထောင်ပေးထားခြင်း ဖြစ်ပါ ကြောင်း။

 


လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေး


လက်ရှိနည်းပညာတက္ကသိုလ်များတွင်  ဖွင့်လှစ် နေသည့်ဘွဲ့သင်တန်း၂၆ ခုအနက်  လုပ်ငန်းလိုအပ် ချက်အများဆုံးဖြစ်သည့်     မြို့ပြအင်ဂျင်နီယာ ဘာသာရပ်၊      အီလက်ထရွန်နစ်အင်ဂျင်နီယာ ဘာသာရပ်၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာ ရပ်၊ စက်မှုအင်ဂျင်နီယာ ဘာသာရပ်၊ အလုပ်အကိုင် အခွင့်အလမ်းအများဆုံးပေးနိုင်သည့်    သုတနည်း ပညာဘာသာရပ်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ် သည့် ဗိသုကာဘာသာရပ်များကိုသင်ကြားပေးရန် အတွက် အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်း အမြစ်များမွေးထုတ်ပေးရန် လိုအပ်လျက်ရှိသည်ကို ဆန်းစစ်ချက်များအရ သိရှိရပါကြောင်း၊ ထို့ကြောင့် ယခုဖွင့်လှစ်သည့်          နေပြည်တော်နည်းပညာ တက္ကသိုလ်တွင် နိုင်ငံတော်အတွက် လိုအပ်နေသည့် အင်ဂျင်နီယာပညာရှင်လူငယ်များ မွေးထုတ်ပေးနိုင် ရန် လုပ်ငန်းလိုအပ်ချက် အများဆုံးဖြစ်သည့် အင်ဂျင် နီယာဘာသာရပ်ကြီး ၄ ခု၊ အလုပ်အကိုင် အခွင့် အလမ်းအများဆုံးဖြစ်သည့် သုတနည်းပညာဘာသာ ရပ်နှင့် ဒေသလိုအပ်ချက်အရ  ဗိသုကာဘာသာရပ် အပါအဝင် စုစုပေါင်းဘာသာရပ် ၆ ခုကို အတွေ့အကြုံ နှင့် အရည်အချင်းပြည့်ဝသည့် ဆရာ ဆရာမများ၊ ဘာသာရပ် ကျွမ်းကျင်သူပညာရှင်ကြီးများက ICT ကို   အသုံးပြုကာ   လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း။

 


မြန်မာနိုင်ငံသည်    စိုက်ပျိုးရေးကို     အဓိက ကုန်ထုတ်လုပ်ငန်းအဖြစ် ဆောင်ရွက်နေပြီး  လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည်   ကျေးလက်နေပြည်သူများ ဖြစ်ခြင်းကြောင့်    ခေတ်မီစိုက်ပျိုးရေးစနစ်သည် မရှိမဖြစ်လိုအပ်ပါကြောင်း၊   စိုက်ပျိုးရေးအတွက် လိုအပ်သည့် အင်ဂျင်နီယာနည်းပညာရပ်များသည် စိုက်ပျိုးရေးထုတ်လုပ်မြှင့်တင်မှုကို များစွာအထောက် အပံ့ရရှိစေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နေပြည် တော်တွင်   စိုက်ပျိုးရေးတက္ကသိုလ်ရှိပြီးဖြစ်သဖြင့် စိုက်ပျိုးရေးကဏ္ဍ  မြှင့်တင်ရေးအတွက် ပေါင်းစပ် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊    ယခုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက်   နောင်လာမည့်   ပညာ သင်နှစ်များတွင်    စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့ သင်တန်းကိုလည်း တိုးချဲ့ဖွင့်လှစ်သင်ကြားပေးသွား မည် ဖြစ်ပါကြောင်း။

 


၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ များအတွက် နေပြည်တော် နည်းပညာတက္ကသိုလ်တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၏ ပထမနှစ်သင်တန်း များကို စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနှစ်များကို  တစ်နှစ်ပြီးတစ်နှစ်  တိုးချဲ့၍ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည့်အတွက်  နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် လိုအပ်သည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များကို   မွေးထုတ်ပေးနိုင် သည့် တက္ကသိုလ်ကြီးပေါ်ထွက် ရှင်သန်လာတော့မည် ဖြစ်သဖြင့် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း။ 

 


နေပြည်တော် နည်းပညာတက္ကသိုလ်ကို အရည် အသွေးမြင့်မားသည့် သင်ကြားသင်ယူမှုနည်းစနစ် များ၊  နိုင်ငံတကာအဆင့်မီ  သင်ရိုးညွှန်းတမ်းများ၊  ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ ခေတ်မီလက်တွေ့ ခန်းသုံးပစ္စည်းများ၊   သုတေသနဓာတ်ခွဲခန်းများ၊ ခေတ်မီစာကြည့်တိုက်များစသည့်     လိုအပ်သော Facilities များ အပြည့်အစုံ ဖြည့်ဆည်းပေးထားပြီး သင်ကြားသင်ယူမှု အထောက်အကူပြုစနစ် (Lear-ning Management System – LMS)ကို အသုံးပြုကာ ထိထိရောက်ရောက် သင်ကြားပေးသွားမည်ဖြစ်ပါ ကြောင်း၊  သင်ကြားသင်ယူမှုအထောက်အကူပြုစနစ် (LMS)ဆိုသည်မှာ ပညာရပ်ဆိုင်ရာသင်ခန်းစာများ၊ သင်တန်းအစီအစဉ်များနှင့်ပတ်သက်ပြီး  စီမံခန့်ခွဲ ခြင်း၊ သင်ကြားသင်ယူမှုများကို လေ့လာဆန်းစစ်ခြင်း၊ အစီရင်ခံခြင်း   စသည်များကို   အလိုအလျောက် လုပ်ဆောင်ပေးသည့်    Application Software တစ်ခုဖြစ်ပါကြောင်း။

 


LMS ကို နိုင်ငံတကာရှိတက္ကသိုလ်များ၊ ကျောင်း များတွင် ကျောင်းသား ကျောင်းသူတိုင်း၏ သင်ကြား ရေးနှင့် သက်ဆိုင်သည့် ဆောင်ရွက်မှုတိုင်းအတွက် Learning Portal အဖြစ် အသုံးပြုလျက်ရှိပြီး ယနေ့ အချိန်အခါတွင် LMS အခြေခံ Online Learning ကို တွင်ကျယ်စွာ    အသုံးပြုလာကြပြီဖြစ်ပါကြောင်း၊ နေပြည်တော် နည်းပညာတက္ကသိုလ်တွင်လည်း LMS အသုံးပြုပြီး သင်ကြားသင်ယူမှုလုပ်ငန်းများ၊ စာမေးပွဲ စစ်ဆေးခြင်း၊ လေ့ကျင့်ခြင်းစသည်များကို ဆောင် ရွက်ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ Information and Communication Technology   (ICT)  အခြေပြုသင်ကြားသည့် တက္ကသိုလ်ကြီးတစ်ခုအဖြစ်        တိုးမြှင့်ဖွဲ့စည်း တည်ထောင်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသူ ကျောင်းသားများကိုလည်း လေ့လာသိရှိမှုစွမ်းရည်၊ ဝေဖန်ပိုင်းခြားနိုင်မှုစွမ်းရည်၊    လုပ်ဆောင်နိုင်မှု စွမ်းရည်များပြည့်ဝသည့် အင်ဂျင်နီယာများ၊ သိပ္ပံ ပညာရှင်များဖြစ်အောင်      သင်ကြားလေ့ကျင့်  မွေးထုတ်ပေးသွားမည် ဖြစ်ပါကြောင်း။

 


ကိုယ်ကျင့်တရား ကောင်းမွန်ရန် 
အရေးကြီး


နိုင်ငံတစ်နိုင်ငံကို  အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး အောင်မြင်စေရန်မှာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးသည် အရေးကြီးသကဲ့သို့ နိုင်ငံသူ၊ နိုင်ငံသားများ ၏ စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်ရန်မှာ လည်း   အလွန်အရေးကြီးပါကြောင်း၊   မိမိတို့နိုင်ငံ ထာဝရအဓွန့်ရှည်တည်တံ့ ရှင်သန်နိုင်ရေးအတွက် မြင့်မားသည့်   ပညာစွမ်းရည်နှင့်   စွမ်းအားများကို တည်ဆောက်နေကြရမည် ဖြစ်သည့်အပြင် မိမိနိုင်ငံ ကို ချစ်မြတ်နိုးတန်ဖိုးထားသည့်စိတ်၊ ကိုယ့်လူမျိုးကို ချစ်မြတ်နိုးတတ်သည့်စိတ်၊ ကိုယ်ကျင့်သိက္ခာတရား ကို   တန်ဖိုးထားသည့်စိတ်များရှိရန်လည်း   အထူး လိုအပ်သည်ကို ပြောကြားလိုပါကြောင်း။

 


မြို့တော်ဂုဏ်အင်္ဂါရပ်နှင့် ကိုက်ညီ


နေပြည်တော်ကောင်စီနယ်မြေတွင်  နည်းပညာ တက္ကသိုလ်တစ်ခုကို  ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခြင်းအား ဖြင့်  နိုင်ငံတော်၏ မြို့တော်ဂုဏ်အင်္ဂါရပ်နှင့် ကိုက်ညီ ပြည့်စုံစေပြီး     နိုင်ငံတော်အတွက်    လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များကို ပိုမိုမွေးထုတ် လေ့ကျင့် ပေးနိုင်ခြင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ များ၏     လူမှုစီးပွားဘဝ    ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်မည် ဖြစ်ပါကြောင်း။

 


နေပြည်တော်နည်းပညာတက္ကသိုလ်ကြီး ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပြီး တာဝန်ရှိ သူများနှင့် ဆရာ ဆရာမများက စေတနာ၊ ဝါသနာ၊ အနစ်နာ စသည့်ကောင်းမွန်မြင့်မြတ်သော အရင်းခံ စိတ်ဓာတ်များဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် နှင့်  ကျောင်းသူ  ကျောင်းသားများအနေဖြင့်လည်း နိုင်ငံတော်က   ဖွင့်လှစ်ပေးသည့်     နေပြည်တော် နည်းပညာတက္ကသိုလ်တွင်  အဆင့်အတန်းမြင့်မား သည့် ပညာရပ်များကိုသင်ယူပြီး မိမိအကျိုး၊ မိမိ ပတ်ဝန်းကျင်အကျိုး၊ မိမိဒေသ၊ မိမိနိုင်ငံတော်အကျိုး တို့ကို  သယ်ပိုးထမ်းဆောင်သွားနိုင်ကြမည့်  ပညာ ပြည့်ဝနှလုံးလှသည့်     အတတ်ပညာရှင်    နိုင်ငံ့ သားကောင်းရတနာများဖြစ်အောင် ကြိုးစားလေ့လာ သင်ယူသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။

 


ရင်းရင်းနှီးနှီးနှုတ်ဆက်


ထို့နောက်   ပြန်ကြားရေးဝန်ကြီးဌာန  မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ  အနုပညာရှင်များ၊တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့များက လူချွန်လူကောင်း တေးသီချင်း၊   သွေးချင်းတို့ဌာနေ   မြန်မာပြည် တေးသီချင်းတို့ဖြင့် သီဆိုသရုပ်ဖော် ကပြဖျော်ဖြေ ကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် များသည်  အခမ်းအနားတက်ရောက်လာကြသူများ နှင့်အတူ  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး တက်ရောက်လာကြသည့်   ဆရာ   ဆရာမများနှင့် ကျောင်းသား   ကျောင်းသူများကို    ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

 


လှည့်လည်ကြည့်ရှု


ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အခမ်း အနားတက်ရောက်လာကြသူများသည် နေပြည်တော် နည်းပညာတက္ကသိုလ်အတွင်းရှိ လက်တွေ့ခန်းများ၊ စာသင်ခန်းများ၊ စာကြည့်တိုက်၊ Language Lab နှင့် ကွန်ပျူတာခန်းများ၊ မြို့ပြအင်ဂျင်နီယာနှင့် စက်မှု အင်ဂျင်နီယာ အလုပ်ရုံများကို လှည့်လည်ကြည့်ရှုကြ သည်။

 


တက္ကသိုလ်အဆင့်သို့ မြှင့်တင်


အဆိုပါ    နေပြည်တော်နည်းပညာတက္ကသိုလ် သည် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့ နယ် ဓနသိဒ္ဓိရပ်ကွက်တွင်တည်ရှိပြီး ယခင်က အစိုးရ နည်းပညာကောလိပ်(နေပြည်တော်) အဖြစ်ရှိခဲ့ကာ နိုင်ငံတော်  တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာကျွမ်းကျင်သည့် ပညာတတ် လူငယ်များ မွေးထုတ်ပေးနိုင်ရေး ရည်ရွယ်၍ နိုင်ငံ တော်    စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့်     တက္ကသိုလ်အဆင့်သို့   မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။  ပညာသင်ကြားမှုများ အဆင်ပြေချောမွေ့စေရန်အတွက်    စာသင်ဆောင် များ၊ စုဝေးခန်းမကြီး၊ သင်ကြားရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာရုံးခန်းများ၊ စာသင်ခန်းများ၊ လက်တွေ့ခန်း များ၊ ကွန်ပျူတာခန်းများ၊ စာကြည့်တိုက်နှင့် Elibary တို့ကို ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်ထားရှိ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်