နေပြည်တော်နှင့် နိုင်ငံအဝန်း (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပမည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်

 

နေပြည်တော်    ဖေဖော်ဝါရီ    ၁၁


၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် တွင်  ကျရောက်မည့်   (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့  အခမ်းအနားကို ပြည်ထောင်စုနယ် မြေ နေပြည်တော်နှင့် မြန်မာနိုင်ငံ အဝန်း၌ ခမ်းနားထည်ဝါစွာ ကျင်းပ သွားမည်ဖြစ်သည်။

 


အဆိုပါအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများ    အဖြစ်  နေပြည်တော်ရှိ   လူစည်ကားရာ လမ်းဆုံများတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု  ဆိုင်းဘုတ်များ           စိုက်ထူခြင်း၊  ပြည်ထောင်စုအလံတော်   သယ် ဆောင်လာမည့် ရာဇသင်္ဂဟလမ်း တစ်လျှောက်တွင်   မြန်မာနိုင်ငံ တော်အလံနှင့်  တိုင်းဒေသကြီး/ပြည်နယ်များ၏ အထိမ်းအမှတ်ပါ အလံများ စိုက်ထူထားခြင်းနှင့် ယင်း လမ်းတစ်လျှောက်ရှိ အဝိုင်းများ တွင် လျှပ်စစ်မီးရောင်များ ထွန်းညှိ ထားမှုများ၊ တိုင်းရင်းသားရုပ်ပုံကား ချပ်များဖြင့် အလှဆင်ထားရှိသည်။

 


အလားတူ ရန်ကုန်တိုင်းဒေသ ကြီး   ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်မြို့တော်ခန်းမ၌   ဆိုင်း ဘုတ်များ   ဂုဏ်ပြုစိုက်ထူထား ခြင်း၊  မဟာဗန္ဓုလပန်းခြံအတွင်း  ရောင်စုံအလှမီးများ     ထွန်းညှိ ပြင်ဆင်ထားခြင်း၊         ဒဂုံမြို့နယ်ရှိ ပြည်သူ့ဥယျာဉ်၌ ရောင်စုံအလှမီး များပြင်ဆင်၍ ဂုဏ်ပြုဆိုင်းဘုတ် စိုက်ထူထားခြင်း၊ ဦးဝိစာရအဝိုင်း၊  ဗဟန်းမြို့နယ် ဦးထောင်ဘိုအဝိုင်း နှင့်   စမ်းချောင်းမြို့နယ်   ဟံသာ ဝတီအဝိုင်းတို့၌ ရောင်စုံမီးအလှ များ ဆင်ယင်ထားခြင်းနှင့် ဆိုင်း ဘုတ်များ ဂုဏ်ပြုစိုက်ထူထားခြင်း များဖြင့်    ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြသည်။ 

 


ထို့အတူ   မန္တလေးမြို့  ကျုံး အတွင်း  ရေပန်းများဖွင့်လှစ်ခြင်း၊  နန်းမြို့ရိုးတစ်လျှောက်ရှိ တံတိုင်း များ၊ ကျုံးပတ်လမ်းရှိ ရတနာပုံ ဥယျာဉ်လမ်း     တစ်လျှောက်နှင့် မန္တလေးမြို့တော်စည်ပင်သာယာ ရေးရုံးတို့၌ ရောင်စုံမီးများ ထွန်းညှိ ခြင်းများ ဆောင်ရွက်ထားကြောင်း သိရှိရသည်။

 


ထို့ပြင် အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များတွင်လည်း (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကိုကြိုဆိုသည့်အနေဖြင့် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။  

သတင်းစဉ်