နေပြည်တော်၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော် ဇူလိုင် ၂၇

 


နေပြည်တော်ကောင်စီနယ်မြေရှိ   ဝန်ကြီးဌာန ပေါင်းစုံမှ  ဒုတိယအကြိမ်  ကာကွယ်ဆေးထိုးနှံ ရန်ကျန်ရှိသည့်    ဝန်ထမ်းများ    ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(C) ရုံ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို  ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 


ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာ ယနေ့တွင် ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိသည့်   ဝန်ထမ်း  ၆၉၂  ဦးကို နေပြည်တော်    ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တပ်မတော်ဆေးရုံကြီး     (ခုတင်-၁၀၀၀)တို့မှ တပ်မတော်သားဆေးမှူး၊  ပါရဂူများ၊  စေတနာ့ ဝန်ထမ်းများပူးပေါင်း၍    ထိုးနှံပေးခြင်းဖြစ်သည်။

 


 အဆိုပါ     ဝန်ကြီးဌာနပေါင်းစုံမှ    ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့်  ဝန်ထမ်းများ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင် ၂၈ ရက်နှင့် ၃၀ ရက်တို့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


အလားတူ  ယနေ့တွင်  မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊  ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊  ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊  အမရပူရမြို့နယ်၊ ပုသိမ်ကြီး မြို့နယ်များအတွင်းရှိ  အသက်(၆၅)နှစ်နှင့်အထက် ပြည်သူ စုစုပေါင်း ၁၃၅၀ တို့ကို  သတ်မှတ်နေရာ အသီးသီး၌  မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူများနှင့်  ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ထိုးနှံပေးခဲ့ကြကြောင်း သတင်းရရှိသည်။              

 

                 
သတင်းစဉ်