နေပြည်တော်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ အတာရေသဘင်ပွဲတော် နွှဲပျော်လျက်ရှိ

 

နေပြည်တော်   ဧပြီ   ၁၄
၁၃၈၅ ခုနှစ်မှ ၁၃၈၆  ခုနှစ်သို့ ကူးပြောင်းမည့် အခါ သမယတွင်  မြန်မာ့ရိုးရာဓလေ့ထုံးစံအရ နှစ်သစ်ကူး အတာသင်္ကြန်ပွဲကို ကျင်းပလျက်ရှိရာ ယနေ့သည် မြန်မာ့ရိုးရာ မဟာသင်္ကြန် အကျနေ့ဖြစ်ပြီး မြန်မာ ပြည်တစ်ဝန်းလုံး၌  အတာရေပက်ဖျန်း  ကစားကြ သူများ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားများပြား လျက်ရှိသည်။
ပျော်ရွှင်စွာလည်ပတ်
နေပြည်တော်တွင်လည်း     ပြည်သူများသည် ရေပက်ခံကားများ၊  ဆိုင်ကယ်များဖြင့်  တစ်ဦးချင်း အလိုက်၊  အစုအဖွဲ့အလိုက်  ပျော်ရွှင်စွာလည်ပတ် လျက်ရှိရာ  ယနေ့ မဟာသင်္ကြန်အကျနေ့ နံနက်ပိုင်းမှ စတင်၍ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် လာရောက်ရေကစားကြသူများဖြင့် အထူးစည်ကားလျက် ရှိသည်။
ထိုသို့       လာရောက်ရေကစားကြသူများကို တေးသံရှင်များနှင့် အနုပညာရှင်များက မဟာသင်္ကြန် တေးသီချင်းများဖြင့်   ဖျော်ဖြေကြပြီး  ယိမ်းအက အဖွဲ့များက   အကအလှများဖြင့်    ကပြဖျော်ဖြေ ကြသည်။
ထို့အတူ နေပြည်တော်အတွင်းရှိ ပို့ဆောင်ရေး နှင့်   ဆက်သွယ်ရေးဝန်ကြီးဌာန၏    မဟာသင်္ကြန် ရေကစားမဏ္ဍပ်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ လှေခွင်းတောင်ကမ်းခြေအပန်းဖြေစခန်း၊ နေပြည် တော် ရေပန်းဥယျာဉ် စသည့်နေရာများတွင်လည်း လည်ပတ်အနားယူ    အပန်းဖြေကြသူများ    အများ အပြားကို တွေ့ရပြီး နေပြည်တော်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊   ကျေးရွာများအတွင်း    မဏ္ဍပ်ငယ်များ ဆောက်လုပ်၍ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစား ကြသူ အများအပြားကိုလည်း တွေ့ရှိရသည်။
အလှူဒါနပြုကုသိုလ်ယူ
သင်္ကြန်ကာလအတွင်း ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသကဲ့သို့ စတုဒိသာကျွေးမွေးခြင်း ဖြင့်   အလှူဒါနပြု   ကုသိုလ်ယူလျက်ရှိသည့်အပြင် ပြည်သူများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၊ ဥပ္ပါတသန္တိစေတီတော်၊ ဓာတုဇယဓာတ်ပေါင်းစု စေတီတော်၊ ရန်အောင်မြင်ရွှေလက်လှဘုရား၊ သတ္တ သတ္တာဟ  သံဝေဇနိယလေးဌာနစေတီ၊  ကိုးခမ်းကြီး ဘုရား၊ ဆုတောင်းပြည့် လောကမာရဇိန်စေတီတော် ကြီး စသည့်ဘုရားကျောင်းကန်များတွင် ဥပုသ်သီလ ဆောက်တည်ခြင်း၊ ပန်း၊ ရေချမ်း ကပ်လှူခြင်းနှင့်  တရားဘာဝနာ ရှုမှတ်ပွားများခြင်းတို့ဖြင့် ကုသိုလ်ပြု လျက်ရှိသည်။
ပြည်သူများ အနားယူအပန်းဖြေနိုင်စေရန်
ထိုသို့ မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်     ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ကြစေရန်နှင့် ပြည်သူများ စိတ်အေးချမ်း ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်စေရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြည်သူများ၏ လုံခြုံရေးအတွက် တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့များ ကလည်း ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ယာဉ်ကြောရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် အပန်းဖြေအနားယူနေကြစဉ် အတွင်း  အန္တရာယ်မရှိစေရေးအတွက်   သတိပေး နှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သည်    မြန်မာသက္ကရာဇ်   နှစ်တစ်နှစ်    ကုန်ဆုံးပြီး နှစ်သစ်၏   အေးချမ်းမှုကိုရရှိစေရန်၊   နှစ်ဟောင်းမှ အညစ်အကြေးများ   ကင်းစင်လွင့်ပျောက်စေရန်၊ နှစ်သစ်သို့မပါလာစေရန်   ရည်ရွယ်၍   ရေစင်သွန်း လောင်းကြခြင်းဖြင့်     မင်္ဂလာနှစ်သစ်ကို     ကြိုဆို ကူးပြောင်းခြင်းဖြစ်သည်။              သန်းမင်းအောင်
ဓာတ်ပုံ- ကိုကျော်ကြီး