နေပြည်တော်၌ နှစ်သစ်ကိုကြိုဆိုသည့်အနေဖြင့် ဂီတဖျော်ဖြေပွဲများကျင်းပကာ ပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ

 

နေပြည်တော်   ဒီဇင်ဘာ   ၃၁
နေပြည်တော်ရှိ ဒေသခံပြည်သူများ၊  ဌာနဆိုင်ရာ ဝန်ထမ်းများ  အပန်းပြေပျော်ရွှင်စေရန်နှင့်   စိတ် ခွန်အားသစ်များ  ရရှိနိုင်ရန်အတွက်  နှစ်သစ်ကို ကြိုဆိုသည့်   ဂီတဖျော်ဖြေပွဲနှင့်  ပျော်ပွဲရွှင်ပွဲအစီ အစဉ်ကို   ယနေ့ညပိုင်းက   နေပြည်တော်ရေပန်း ဥယျာဉ်၌ ကျင်းပသည်။
အဆိုပါ   ဂီတဖျော်ဖြေပွဲနှင့်    ပျော်ပွဲရွှင်ပွဲသို့ ပြည်ထောင်စုဝန်ကြီးများနှင့်   ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်ကောင်စီ    ဥက္ကဋ္ဌနှင့်     ဌာနဆိုင်ရာ တာဝန်ရှိသူများ၊    ဒေသခံပြည်သူများ      တက်ရောက် ကြသည်။ (အပေါ်ပုံ)
ယနေ့ည  နေပြည်တော်ရေပန်းဥယျာဉ်၌ ကျင်းပ သည့်   နှစ်သစ်ကိုကြိုဆိုသည့်   ပျော်ပွဲရွှင်ပွဲအစီ အစဉ်တွင်   Music Band ၊ DJ  များဖြင့်တွဲဖက်၍  နိုင်ငံကျော်  အဆိုတော်များက  ပရိသတ်အကြိုက် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ည ၁၂ နာရီ အချိန်တွင် ၂၀၂၃ ခုနှစ် နှစ်သစ်ကူးအခါသမယ ကို   Countdown ရေတွက်၍   မီးရှူးမီးပန်းများ ပစ်ဖောက်ကာ နှစ်သစ်ကို ပြည်သူများက တစ်ခဲနက်    ပျော်ရွှင်စွာဖြတ်သန်းကြသည်။ 
ဖျော်ဖြေပွဲသို့လာရောက်ကြသည့် ပြည်သူများ စားရေးသောက်ရေး အဆင်ပြေစွာဝယ်ယူစားသောက် နိုင်ရေးအတွက်   Night Market    ဈေးရောင်းပွဲ ထည့်သွင်း၍  မြန်မာ့ရိုးရာအစားအစာ၊ ကိုရီးယား အစားအစာ၊ ထိုင်းအစားအစာများကို ဈေးနှုန်းချိုသာ စွာ ရောင်းချပေးလျက်ရာ ဝယ်ယူစားသုံးကြသူများဖြင့် စည်ကားလျက်ရှိသည်။                      သတင်းစဉ်