နေပြည်တော်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံ

 

နေပြည်တော်   အောက်တိုဘာ   ၁၅


နိုင်ငံတော်အစိုးရက ကျောင်းသား  ကျောင်းသူများအား ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား    ကျောင်းသူများ ပညာသင်ယူခွင့်အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေး လွှမ်းခြုံမှု      အလျင်အမြန်ရရှိလာစေရေးအတွက်  ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ  အသက်   ၁၂ နှစ်နှင့်အထက်  ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
 

ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးနှံပေးနေမှု လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည့်    လယ်ဝေး မြို့နယ် ခုတင် - ၁၀၀ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော်က“ လယ်ဝေး မြို့နယ်အတွင်း ကျောင်းပေါင်း ၁၄၄ ကျောင်းမှာရှိတဲ့    အသက် ၁၂ နှစ်နဲ့အထက်    အလယ်တန်း နဲ့   အထက်တန်းကျောင်းသား ကျောင်းသူ အားလုံးပေါင်း ၂၁၄၉၈ ဦး ရှိပါတယ်။ သူတို့ကို  ကာကွယ် ဆေး    ပထမအကြိမ်အနေနဲ့ အောက်တိုဘာ ၁၂  ရက်ကနေ နိုဝင်ဘာ ၈ ရက်နေ့အထိ ထိုးပေး မှာဖြစ်တယ်။ မြို့နယ်အတွင်းမှာ ဆေးထိုးစုရပ်အဖြစ်   အ.ထ.က (၁)၊  အေလာတိုက်နယ်ဆေးရုံ၊ သာဝတ္ထိ      တိုက်နယ်ဆေးရုံ၊ အ.ထ.က(သပြေပင်)၊ အ.ထ.က (ကံသာ)    စတဲ့  ဆေးထိုးစုရပ် ငါးနေရာမှာ      ထိုးနှံပေးနေပါ တယ်”ဟု ပြောသည်။

 


နေပြည်တော်ကောင်စီနယ်မြေ အတွင်း    မြို့နယ်များအလိုက် ဆေးထိုးနှံရန်   သတ်မှတ်ထား သည့် စုရပ်နေရာများ၌  အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား     နေ့ရက် အလိုက်   သတ်မှတ်ထားသည့် လူဦးရေစာရင်းအပြင် အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးရန် ကျန်ရှိနေသည့် ပြည်သူ များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ယင်းတို့၏   မှီခိုမိသားစုဝင်များ ကိုလည်း ကျန်းမာရေးဝန်ထမ်း များက ကိုဗစ် - ၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိသည်။

 


“ပထမအကြိမ်  အောက်တို ဘာ ၁၂ ကနေ ၁၄ ရက်အထိ စုရပ် တစ်နေရာစီမှာ       တစ်ရက်ကို ကျောင်းသားဦးရေ ၁၀၀  ထိုးနှံ ပြီးပါပြီ။ ကာကွယ်ဆေးထိုးနှံပေး ပြီးတဲ့ သုံးရက်နဲ့ ဒီနေ့ဆက်လက် ထိုးတဲ့အချိန်ထိ       ဘေးထွက် ဆိုးကျိုးမတွေ့ရဘူး။ နံနက်ပိုင်း ဆေးလာထိုးရတာဆိုတော့ နံနက် စာ မစားခဲ့လို့  သာမန် ခေါင်းမူး တဲ့ ကျောင်းသားအချို့ပဲ   တွေ့ တယ်။ ပြင်းထန်တဲ့   လက္ခဏာ တွေကိုတော့ မတွေ့ရပါဘူး။ ဒီနေ့ အ.ထ.က(၁)မှာတော့ ကျောင်းသား ဦးရေ ၃၀၀ ကျော် ထိုးပေးမယ်။ ကျန်တဲ့ဆေးထိုးစုရပ်    လေးခု မှာတော့ ကျောင်းသားဦးရေ ၂၀၀ ထိုးပေးမှာပါ”ဟု    ဒေါက်တာ နန္ဒာကျော်က ပြောသည်။ 

 


ကာကွယ်ဆေးထိုးမည့် စုရပ် နေရာများ၌လည်း  ကိုဗစ် - ၁၉ ရောဂါ   ကာကွယ်ရေးအတွက် လက်ဆေးဘေစင်များထားရှိ၍ လက်ဆေးစေခြင်း၊   Mask နှင့် Face   Shield  များ   ဝေငှခြင်း၊ ဆေးထိုးရန်   လာရောက်သည့် ကျောင်းသား ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်   တိုင်းတာခြင်း၊ သွေးထဲတွင်ရှိသည့်  အောက်ဆီ ဂျင်ပမာဏ တိုင်းတာခြင်းတို့ကို ဦးစွာဆောင်ရွက်ပြီး ယင်းလုပ်ငန်း စဉ်များ ပုံမှန်ဖြစ်မှသာ ကာကွယ် ဆေးထိုးနှံပေးခြင်းဖြစ်ကာ အရေး ပေါ် ကျန်းမာရေးစောင့်ရှောက်မှု များလိုအပ်ပါက သမားတော်အဖွဲ့ ဖြင့် ကုသပေးနိုင်ရန်  စီစဉ်ထားကြောင်း သိရသည်။

 


“ဆေးထိုးစုရပ်တစ်ခုဆီတိုင်း မှာ Medical Team ရှိပါတယ်။  Medical Team ကလည်း ကာကွယ် ဆေးကြောင့်  နောက်ဆက်တွဲ ပြဿနာဖြစ်ခဲ့ရင်    ဖြေရှင်းဖို့ အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့် နေပါတယ်။   တပ်မတော်ဆေး အဖွဲ့ကလည်း   ကာကွယ်ဆေး ထိုးနှံတဲ့      လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ကူညီပေးပါတယ်။ အခုထိုးပေးနေတဲ့ ကာကွယ်ဆေး ကတော့      တရုတ်နိုင်ငံထုတ် Sinovac  အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးကို   နှစ်ဦးထိုးရတဲ့ ဆေးပါ။   တရုတ်နိုင်ငံမှာတော့ အသက် သုံးနှစ်ကနေ ၁၇ နှစ်အထိ ကျောင်းသားတွေကို ဆေးထိုးပြီး စမ်းသပ်ထားတဲ့ သုတေသနတွေ လည်းရှိတယ်။  ချီလီ၊   ကမ္ဘော ဒီးယားနဲ့  တရုတ်နိုင်ငံမှာလည်း ဒီဆေးကို ထိုးပေးနေတယ်” ဟု ၎င်းက ပြောသည်။

 


ကိုဗစ် - ၁၉ ကာကွယ်ဆေး မထိုးမီ   အသက်   ၁၂   နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူ များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်း သူများအား ကာကွယ်ဆေးထိုးနှံ ပေးမှုနှင့် ပတ်သက်၍   ကြိုတင်  အသိပညာပေးခြင်းများ  ဆောင် ရွက်ပြီး မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်    လက်မှတ် ရရှိမှသာ ကာကွယ်ဆေးကို ထိုးနှံ ပေးခြင်းဖြစ်ကြောင်း သိရသည်။

 


ကာကွယ်ဆေး  လာရောက် ထိုးနှံကြသည့်   ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပြီး နောက်ဆက်တွဲပြဿနာ၊ အန္တရာယ်  တစ်စုံတစ်ရာ ရှိ မရှိ သိရှိနိုင်ရန် နာရီဝက်စောင့်ကြည့် ပြီးမှသာ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်းနှင့် ဆေးထိုးပြီး ၂၄ နာရီ အတွင်း တစ်စုံတစ်ရာ  ထူးခြားမှု ရှိပါက   ချက်ချင်းသတင်းပေးပို့ အကြောင်းကြားနိုင်ရန် ဆောင် ရွက်ထားကြောင်း သိရသည်။

 


“ကာကွယ်ဆေးထိုးထားတဲ့ အားသာချက်ကတော့ ကိုဗစ်-၁၉ ရောဂါ        ကူးစက်ခံခဲ့ရရင်လည်း ပြင်းထန်တဲ့ ရောဂါလက္ခဏာကို မခံစားရပါဘူး။ အသက်သေဆုံး နိုင်ခြေနည်းပါတယ်။ ကာကွယ် ဆေးလာရောက်ထိုးဖို့ မကြောက် ကြပါနဲ့။  လာရောက်ထိုးနှံကြတဲ့ ကျောင်းသား ကျောင်းသူတွေကို ဆေးအဖွဲ့က ကျန်းမာရေးစစ်ဆေး မှု အပြည့်အဝလုပ်ဆောင်ပြီးမှ ဆေးထိုးဖို့ပုံမှန်အနေအထားရှိမှသာ ဆေးထိုးဖို့မှတ်ချက်ပေးပြီး ဆေးထိုးပေးတာ ဖြစ်တဲ့အတွက် ကာကွယ်ဆေး   မထိုးရသေးတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ မိဘနဲ့ အုပ်ထိန်းသူတွေကိုလည်း ဆေးလာရောက်ထိုးနှံဖို့ ပူးပေါင်း ပါဝင်ပေးကြပါလို့ တိုက်တွန်းလို ပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။ 

 


ကိုဗစ်-၁၉   ကာကွယ်ဆေး ထိုးနှံသည့်     နေရာများတွင် ကျန်းမာရေးဝန်ကြီး     ဌာနက ထုတ်ပြန်ထားသည့် အသက် ၁၂ နှစ်နှင့်အထက်      ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိဘ အုပ်ထိန်းသူများ သိရှိလိုက်နာရ မည့်အချက်များ၊ ပညာပေးဗီနိုင်း ဆိုင်းဘုတ်များကို    ကာကွယ် ဆေး လာရောက်ထိုးနှံကြသူများ မြင်သာသည့်     နေရာများတွင် ချိတ်ဆွဲ  ကြေညာထားသည်ကိုလည်း တွေ့ရသည်။

 


ကာကွယ်ဆေး   လာရောက် ထိုးနှံသည့်     ပုဗ္ဗသီရိမြို့နယ် အထက်တန်းကျောင်းသူ  မနှင်း သက်ခရေက “သမီးက  ၉ တန်း တက်နေတာပါ။     ဆေးထိုးဖို့ အတွက် ကျောင်းက   ဆရာမက ဖုန်းဆက်ပါတယ်။ ဆေးအဖွဲ့က ဆေးမထိုးခင်သမီးတို့ကို ကာကွယ် ဆေးထိုးသင့်၊ မသင့် ကျန်းမာရေး စစ်ဆေးပေးပါတယ်။ ဆေးထိုးတဲ့ အခါ နည်းနည်းနာတာလောက်ပဲ ခံစားရတယ်။      ကျန်တာတော့ ဘာမှမခံစားရဘူး။     အခုလို  ဆေးထိုးပေးတဲ့အတွက်   ဆရာ ဆရာမတွေနဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။   ကာကွယ် ဆေးထိုးနှံပြီး ကျောင်းပြန်တက် ရတော့မယ်ဆိုတော့     ဆရာ ဆရာမတွေနဲ့ ပညာသင်ကြားခွင့် ရပြီး  ကျောင်းက    သူငယ်ချင်း တွေ ပြန်ဆုံရတော့မယ်ဆိုတော့ ဝမ်းသာပါတယ်။   ဆေးမထိုးရ သေးတဲ့ ကျောင်းသား   ကျောင်းသူ တွေကိုလည်း   ကာကွယ်ဆေး လာရောက်ထိုးနှံကြပါလို့ ပြောချင် ပါတယ်” ဟု ပြောသည်။ 

 


ကိုဗစ်-၁၉   ကာကွယ်ဆေး ထိုးနှံကြမည့်      ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် သွားလာနိုင်စေ ရန် School  Bus  များ စီစဉ်ပေး ထားပြီး ဆေးထိုးစုရပ် ကျောင်း ပတ်ဝန်းကျင်   ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ် တပ်ဖွဲ့နှင့်   မြန်မာနိုင်ငံရဲတပ်ဖွဲ့ များက လုံခြုံရေးဆောင်ရွက်ပေး သည်ကို တွေ့ရသည်။  

 

ဟိန်းမင်း
ဓာတ်ပုံ-ကိုကိုထိန်