နေပြည်တော်လမ်းလျှောက်သင်္ကြန်အောင်မြင်စွာကျင်းပနိုင်ရေး ကျင်းပရေးကော်မတီနှင့်ဆပ်ကော်မတီများ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   မတ်   ၂၉


၂၀၂၄  ခုနှစ်  မြန်မာ့ရိုးရာ  အတာ သင်္ကြန်ပွဲတော်    ကာလအတွင်း  နေပြည်တော်    လမ်းလျှောက် သင်္ကြန် အောင်မြင်စွာကျင်းပနိုင် ရေး ကျင်းပရေးကော်မတီနှင့် ဆပ် ကော်မတီများ ညှိနှိုင်းအစည်းအဝေး ကို  ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့   ပြန်ကြား ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး    ဦးမောင်မောင်အုန်း၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ  (မြို့တော်ဝန်) ဦးသန်းထွန်းဦး၊  ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ဒေါ်နုမြဇံ၊ နေပြည် တော်ကောင်စီဝင်      ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ     ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်)   ဦးမောင်မောင်၊  ဝန်ကြီးဌာနများမှ   အမြဲ တမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ မြန်မာ့စီးပွားရေး ဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊  မြန်မာ - ရုရှား ချစ်ကြည်ရေးအသင်း၊  Brilliant Aura Co.,Ltd  မှ   တာဝန်ရှိသူ များနှင့်    ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ယခုနှစ်သင်္ကြန်တွင် K-POP 
အဆိုရှင်များပါဝင်ဆင်နွှဲမည်


ရှေးဦးစွာ      နေပြည်တော် လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊   ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၄ ခုနှစ် နေပြည်တော်      လမ်းလျှောက် သင်္ကြန် အောင်မြင်စွာကျင်းပနိုင် ရေးအတွက်  ကျင်းပရေးလုပ်ငန်း ကော်မတီပထမအကြိမ် အစည်း အဝေးကို  မတ်   ၁၅   ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ် ချက်    (၂၀)      ချမှတ်ခဲ့ကာ တက်ရောက်သူများအားလုံးနှင့် သက်ဆိုင်ရာများသို့ သိရှိဆောင် ရွက်နိုင်ရေး ပေးပို့အကြောင်းကြား ထားပြီးဖြစ်ကြောင်း၊    နေပြည် တော်     လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီနှင့်   ဆပ် ကော်မတီ(၅)ခုကို မတ် ၂၁ ရက် တွင် ဖွဲ့စည်းထားရှိပြီး လုပ်ငန်းစဉ် များကိုလည်း ပြင်ဆင်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ ဆောင်ရွက် ထားရှိမှု    အခြေအနေများကို ဝန်ကြီးဌာနအသီးသီးက   သိရှိ အောင်   ဆွေးနွေးသွားမည်ဖြစ် ကြောင်း၊   ယခုနှစ်   သင်္ကြန်တွင် ထူးထူးခြားခြားအနေဖြင့် ကိုရီး ယားနိုင်ငံမှ K-POP အဆိုရှင်များ နှင့်    နာမည်ကြီးအနုပညာရှင် များ ပါဝင်ဆင်နွှဲမည်ဖြစ်သကဲ့သို့ ရုရှားနိုင်ငံသံရုံးမှ   မဏ္ဍပ်တစ်ခု နှင့်  မြန်မာတရုတ်ချစ်ကြည်ရေး အသင်းမှလည်း  ပါဝင်ဆင်နွှဲမည် ဖြစ်ကြောင်း၊      နေပြည်တော် လမ်းလျှောက်သင်္ကြန်သည် နိုင်ငံ တော်က စီမံကျင်းပသည့် နှစ်သစ် ကူးပွဲတော်ဖြစ်ကြောင်း၊  ဝန်ကြီး ဌာနအားလုံး၊      ဝန်ထမ်းများ အားလုံးနှင့် ပြည်သူလူထု စုပေါင်း ပျော်ရွှင်စေရန်     ရည်ရွယ်ချက် လည်း   ပါဝင်ကြောင်း၊   ယနေ့ ဖြစ်ပေါ်နေသည့်    နိုင်ငံတော်၏ အနေအထားအရ    ဝန်ကြီးဌာန၊ ဝန်ထမ်းများ၏     စည်းလုံးမှု၊ ပြည်သူနှင့်အစိုးရ၏  ပေါင်းစည်းမှု၊တစ်သားတည်းဖြစ်မှုကို ပြသ သည့် အနှစ်သာရကို ဖော်ဆောင် သည့်  ပွဲတော်တစ်ခုဖြစ်ကြောင်း၊ ဝန်ထမ်းများအားလုံး   ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်  မေတ္တာ ရပ်ခံလိုကြောင်း၊      မြို့တော်ဝန် မဏ္ဍပ်နှင့်     လမ်းလျှောက်သင်္ကြန် နှစ်ခုလုံးတွင်  ပျော်ရွှင်စွာဆင်နွှဲ နိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ် ကြောင်း၊   အနုပညာရှင်များကို ဖိတ်ကြားထားပြီး နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို စည်စည် ကားကားဖြင့်      အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းအကြုံပြုဆွေးနွေးကြစေလိုကြောင်း ပြော ကြားသည်။

ယဉ်ကျေးပျော်ရွှင်စွာ 
ဆင်နွှဲနိုင်အောင်ဆောင်ရွက်မည်


ထို့နောက်    နေပြည်တော် လမ်းလျှောက်သင်္ကြန်   ကျင်းပ ရေးကော်မတီ    ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ   ဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးသန်းထွန်းဦးက နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို   ယခင် နှစ်မှစတင်ကျင်းပခဲ့ပြီး   ပြည်သူ လူထုနှင့်ဝန်ထမ်းများ ပူးပေါင်း၍ အတူတကွ ပျော်ရွှင်စွာဆင်နွှဲကြ သည့် ရည်ရွယ်ချက်မှာ ကောင်းမွန် ပါကြောင်း၊ မြန်မာ့ရိုးရာ  အတာ သင်္ကြန်ကို   နိုင်ငံ၏မြို့တော်ဖြစ် သည့် နေပြည်တော်တွင် ပြည်သူ နှင့် ဝန်ထမ်းများ ယဉ်ကျေးပျော်ရွှင် စွာဆင်နွှဲနိုင်အောင် ဆောင်ရွက် မည်ဖြစ်ပြီး နေပြည်တော်ကောင်စီ အနေဖြင့်       ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 


ယင်းနောက်  နေပြည်တော်လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီ      အတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးရဲတင့်က လမ်းလျှောက် သင်္ကြန်ကျင်းပနိုင်ရေး  ပြင်ဆင် ဆောင်ရွက်ထားရှိမှု   အခြေအနေ များနှင့်စပ်လျဉ်း၍     ရှင်းလင်း ပြောကြားသည်။ 


ဆက်လက်၍ Brilliant Aura Co.,Ltd  မှ  ပရောဂျက်ဒါရိုက်တာ က      လမ်းလျှောက်သင်္ကြန် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။


ထို့နောက်     လမ်းလျှောက် သင်္ကြန်အတွက် ပေါင်းစပ်ညှိနှိုင်း ရေးမှူးအဖြစ် တာဝန်ယူဆောင် ရွက်နေသည့်     မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဒုတိယညွှန်ကြား ရေးမှူးချုပ်  ဦးမျိုးမြင့်အောင်က ၂၀၂၄    ခုနှစ်     နေပြည်တော်  လမ်းလျှောက်သင်္ကြန်တွင် ပါဝင် ဖျော်ဖြေကြမည့် ကိုရီးယားနိုင်ငံမှ အနုပညာရှင်အဖွဲ့၏ဖျော်ဖြေရေးနှင့် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက် မည့်  အစီအမံများ၊   မဏ္ဍပ်များ နေရာချထားမှုတို့နှင့်  စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီ ဝင်၊ ဒုတိယမြို့တော်ဝန်နှင့် ဌာန ဆိုင်ရာ     တာဝန်ရှိသူများက နေပြည်တော်      လမ်းလျှောက် သင်္ကြန်  မဏ္ဍပ်ဆောက်လုပ်ရန် လျာထားမှု၊ ရေရရှိရေး၊ ဖျော်ဖြေ ရေး၊   ကျန်းမာရေးပိုင်းဆိုင်ရာ၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊       ယိမ်းအဖွဲ့များ ဖျော်ဖြေတင်ဆက်မည့် အစီအစဉ်၊  လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေးအပါအဝင်   သင်္ကြန် ပွဲတော်အား    အားလုံးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး     ပေါင်းစပ် ဆောင်ရွက်သွားမည့်  အစီအမံ များနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြန်မာ-ရုရှား    ချစ်ကြည်ရေး အသင်း အတွင်းရေးမှူးက  ရုရှား ဖက်ဒရေးရှင်းနိုင်ငံ     လူငယ် အနုပညာအဖွဲ့ Tavrida-Art မှ ပင်တိုင်အမျိုးသမီး   တေးသံရှင် Nika Dubik ဦးဆောင်ပါဝင်သော အနုပညာရှင်များ၏ သီဆိုဖျော်ဖြေ မှုပါဝင်မည်ဖြစ်ပြီး ယခုနှစ်သင်္ကြန် တွင် မြန်မာနိုင်ငံမှ လူငယ်အဆို တော် မိုးအာကာဝင်းနှင့်  တွဲဖက် ၍   မြန်မာ - ရုရှားနှစ်ဘာသာ ပေါင်းစပ်     ရေးသားထားသော မြူးကြွသည့် သီချင်းအသစ်များနှင့် သီဆိုဖျော်ဖြေသွားရန် စီစဉ်ထား သည့်အခြေအနေများနှင့် စပ်လျဉ်း ၍လည်းကောင်း ဆွေးနွေးတင်ပြ ကြရာ    တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည် တော်      စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌတို့က ဖြည့်စွက် ဆွေးနွေးကြပြီး    ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား၍   အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။  

သတင်းစဉ်