နေပြည်တော်လမ်းလျှောက်သင်္ကြန် သင်္ကြန်အကြိုနေ့တွင် လာရောက်လည်ပတ်ကြသူများဖြင့် စည်ကား

 

နေပြည်တော် ဧပြီ ၁၃


၂၀၂၄  ခုနှစ်    မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်         ကာလ အတွင်း    ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ  ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ စုပေါင်းပျော်ရွှင်စွာ  ဆင်နွှဲနိုင်စေ ရန်၊     ဝန်ထမ်းများ၏   စည်းလုံး ညီညွတ်မှု၊   ပြည်သူနှင့်  အစိုးရ၏ ပေါင်းစည်းမှုနှင့်  တစ်သားတည်း ဖြစ်မှုတို့ကို   ဖော်ဆောင်သည့် ပွဲတော်တစ်ခုအဖြစ်      ပြသရန် ရည်ရွယ်၍     ယခုနှစ်တွင် နေပြည်တော်        လမ်းလျှောက် သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ထည့်သွင်း ကျင်းပလျက်ရှိသည်။


အဆိုပါလမ်းလျှောက်သင်္ကြန် ကို  ပျဉ်းမနား-တောင်ညိုလမ်းပေါ် ရှိ    နေပြည်တော်  မြို့တော်ဝန် မဏ္ဍပ်အနီးမှ         စည်ပင်ဧည့် ရိပ်သာလမ်းဆုံအထိ    ဇုန်လေး ဇုန်      သတ်မှတ်ပြီး    တိုင်းရင်းသား သင်္ကြန်ဇုန်၊                 စတုဒိသာဇုန်၊
ဝန်ကြီးဌာန      သင်္ကြန်ဇုန်နှင့် လူငယ်သင်္ကြန်ဇုန်တို့ကို    ခွဲခြား၍  စိတ်ဝင်စား ပျော်ရွှင်ဖွယ်  ကျင်းပ ပေးလျက်ရှိသည့်အတွက် ယနေ့ တွင်   သင်္ကြန်ကို ချစ်မြတ်နိုးကြ သည့်     ပြည်သူများနှင့်အတူ    ကလေးငယ်များ ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲကြသဖြင့် အထူးစည်ကားခဲ့ သည်။


ထို့ပြင်         နေပြည်တော် လမ်းလျှောက်သင်္ကြန်အတွင်းရှိ ဝန်ကြီးဌာနများအလိုက်   မြန်မာ့ ရိုးရာ         မဟာသင်္ကြန်ရေကစား မဏ္ဍပ်များ၊  တိုင်းရင်းသား   ရိုးရာ ရေကစားမဏ္ဍပ်များ၊   ရုရှား - မြန်မာ          ချစ်ကြည်ရေးအသင်း ရေကစားမဏ္ဍပ်၊ မြန်မာ - အိန္ဒိယ- တရုတ် ပူးပေါင်းဆောင်ရွက်ရေး နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအသင်း    ရေကစားမဏ္ဍပ်များ၌ နိုင်ငံကျော်    အနုပညာရှင်များ၊  တေးသံရှင်များ၊ ကိုရီးယားနိုင်ငံမှ သရုပ်ဆောင်၊ K-Pop အဆိုတော် များက DJ,  Music Band များနှင့် တွဲဖက်၍     ပရိသတ်အကြိုက် တေးသီချင်းများဖြင့် မြိုင်ဆိုင်စွာ သီဆိုဖျော်ဖြေကြရာ နေပြည်တော် လမ်းလျှောက်သင်္ကြန်သို့      လာ ရောက်   လည်ပတ်ရေကစားကြ သည့် ဝန်ထမ်းများ၊ ပြည်သူများက ပါဝင်ဆင်နွှဲကြသဖြင့်       အထူး စည်ကားလျက်ရှိသည်။


အလားတူ  စတုဒိသာဇုန်တွင် လည်း   ဝန်ကြီးဌာနများအလိုက် မြန်မာ့ရိုးရာ        မဟာသင်္ကြန် ရေကစားမဏ္ဍပ်များနှင့်    မြန်မာ - အိန္ဒိယ - တရုတ် ပူးပေါင်းဆောင် ရွက်ရေးနှင့်        စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအသင်း  ရေကစား မဏ္ဍပ်တို့၌   နေပြည်တော်လမ်း လျှောက်သင်္ကြန်သို့    လာရောက် လည်ပတ်ကြသူများကို   မြန်မာ့ ရိုးရာအစားအစာများ၊  ထမင်းများ ဖြင့် ဧည့်ခံကျွေးမွေးကြရာ အားပါး တရ      စားသောက်ကြသူများ ဖြင့်  စည်ကားလျက်ရှိသည့်အပြင်  တိုင်းရင်းသား    သင်္ကြန်ဇုန်တွင် တိုင်းရင်းသားရိုးရာ  ယဉ်ကျေးမှု များကို ပြသထားပြီး တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်အတူ ရေပက်ကစားနိုင်ရန်  စီစဉ်ဆောင် ရွက်ထားခြင်း၊    ဖျော်ဖြေရေးဇုန် တွင် နိုင်ငံတကာအဆင့်မီဖျော်ဖြေ တင်ဆက်မှုများနှင့်      အလှပြ ဖျော်ဖြေရေး    အစီအစဉ်များ ထည့်သွင်း စီစဉ်ဆောင်ရွက်ထား ခြင်း၊ လူငယ်များနှင့် ကလေးများ အတွက် အဓိကထားသည့် Colour Party,  Foam  Party  တို့ကို ပျော်ပျော်ရွှင်ရွှင်  ပါဝင်ဆင်နွှဲနိုင် အောင် စီစဉ်ဆောင်ရွက်ထားခြင်း၊ လူကြီးများ  ပါဝင်ဆော့ကစားနိုင် သည့်  ရေလွှာလျှောစီးနှင့် ကလေး ငယ်များအတွက်   ပျော့အိကစား ကွင်းများ ထည့်သွင်းတည်ဆောက် ထားခြင်းတို့ကြောင့် ပြည်သူများ နှင့် ကလေးငယ်များပါ ပျော်ရွှင် အေးချမ်းစွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။


နေပြည်တော် လမ်းလျှောက် သင်္ကြန်တွင် တိုင်းရင်းသားသင်္ကြန် ဇုန်ကို  တိုင်းရင်းသားသွေးချင်း ညီအစ်ကိုများ ပါဝင်ဆင်နွှဲနိုင်ရန် ထည့်သွင်း      ကျင်းပပေးသည့် အတွက်   သင်္ကြန်ကို  အခြေခံပြီး တိုင်းရင်းသားသွေးချင်းညီအစ်ကိုများအားလုံး    စည်းလုံးညီညွတ် သည့်  ပြည်ထောင်စုကြီးဖြစ်စေ ရန်၊ ပြည်ထောင်စုဖွား တိုင်းရင်းသား များအချင်းချင်း  ချစ်ကြည်ရင်းနှီးမှု နှင့်   နားလည်မှုရရှိရန်  များစွာ အထောက်အကူ  ဖြစ်စေမည်ဖြစ် သည်။ 


လမ်းလျှောက်  သင်္ကြန်တွင် ဝန်ကြီးဌာနများအလိုက် ဖျော်ဖြေ ရေးမဏ္ဍပ်များ၊ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေ   တင်ဆက်မှုများနှင့် နိုင်ငံကျော်  အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကိုလည်း ကြည့်ရှုခံစားခွင့်   ရရှိမည့်အပြင်  ကိုရီးယားနိုင်ငံမှသရုပ်ဆောင်၊ K- Pop အဆိုတော်များ၏ သီဆိုကပြ ဖျော်ဖြေတင်ဆက်မှုများကိုလည်း ပါဝင်ဆင်နွှဲခွင့်ရရှိမည်ဖြစ်သည်။
ထို့ပြင် နေပြည်တော်ရှိ အများ ပြည်သူများ အနားယူအပန်းဖြေ နိုင်သည့်    နေပြည်တော်ရေပန်း ဥယျာဉ်၊     နေပြည်တော်တိရစ္ဆာန် ဥယျာဉ်၊      ဆာဖာရီဥယျာဉ်နှင့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ် စသည့်နေရာများကို   လှည့်လည် ကြည့်ရှု      အနားယူအပန်းဖြေ ရေကစားနိုင်ရန်အပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတ သန္တိ       စေတီတော်မြတ်ကြီး၊ သံဝေဇနိယလေးဌာန၊    မဟာ သကျရံသီ ရုပ်ရှင်တော်မြတ်ကြီး၊ ဓာတုဇယဓာတ်ပေါင်းစု   စေတီ တော်၊  ရန်အောင်မြင်ရွှေလက်လှ စေတီတော်   စသည့်တန်ခိုးကြီး ဘုရားများကိုလည်း သွားရောက် ဖူးမြော်နိုင်ကြောင်း   သိရသည်။


လုလင်ငယ်
ဓာတ်ပုံ-ကိုကျော်ကြီး