နေပြည်တော်ကို GREEN CITY၊ CLEAN CITY၊ SMART CITY ဖြစ်စေရန် သန့်ရှင်းသာယာလှပသော မြို့တော်ဖြစ်စေရေးဆောင်ရွက်နေ ခရီးသွားဧည့်သည်များတည်းခိုရန် ဟိုတယ်များ သန့်ရှင်းမှုနှင့် ဝန်ဆောင်မှုအရည်အသွေးများ ကောင်းမွန်တိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော်   ဇန်နဝါရီ   ၁၄      


ဟိုတယ်နှင့်   ခရီးသွားလာရေး ဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး   ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင်     နေပြည်တော်     နိုင်ငံတော်ဧည့်ဂေဟာရှိ ဟိုတယ် များ    မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ     လှပစေရေး ဆောင်ရွက်        ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

 


ထို့ပြင် ပြည်ထောင်စုဝန်ကြီး သည်   နေပြည်တော်   ဟိုတယ် ဆိုင်ရာ   လုပ်ငန်းရှင်များအသင်း နှင့်   ခရီးသွား  လုပ်ငန်းရှင်များ အသင်းတို့မှ   တာဝန်ရှိသူများနှင့် မင်္ဂလာသီရိဟိုတယ်၌     တွေ့ဆုံ ပြီး      မြို့တော်   နေပြည်တော်ကို “ GREEN   CITY၊ CLEAN CITY၊ SMART   CITY”    ဖြစ်စေရန်  လမ်းညွှန်ချက်နှင့်အညီ သန့်ရှင်း သာယာလှပသော      မြို့တော်ဖြစ် စေရေးအတွက် ကြိုးပမ်းဆောင် ရွက်နေကြောင်း၊   ဝန်ကြီးဌာနမှ လည်း Tourism Hub ဖြစ်စေရေး ကို ကြိုးပမ်းဆောင်ရွက်နေသည် ဖြစ်ရာ   ဟိုတယ်များအနေဖြင့် လည်း  နိုင်ငံတော်မှ  ဆောင်ရွက် နေသော  လုပ်ငန်းစဉ်များကို သိရှိ နားလည်ပြီး    မြို့တော်၏ အင်္ဂါရပ် နှင့်အညီ သန့်ရှင်းသာယာ လှပ စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း။

 


ယခုအခါ     နေပြည်တော် သည် ပြည်တွင်း/ ပြည်ပ  ခရီးသွား ဧည့်သည်များ        လာရောက် လည်ပတ်လိုသော ခရီးစဉ်ဒေသ တစ်ခုဖြစ်သည့်အတွက် ခရီးသွား ဧည့်သည်များ တည်းခိုနေထိုင်ရာ ဟိုတယ်များအနေဖြင့်     သန့်ရှင်း မှု၊   သာယာလှပမှုနှင့်    ဝန်ဆောင်မှု အရည်အသွေးများ   ကောင်းမွန် တိုးတက်လာစေရေး    အတွက်    ကြိုးပမ်းဆောင်ရွက်ကြရန်    လို ကြောင်း၊   ထို့ပြင်   နိုင်ငံတကာ အဆင့်မီ ဟိုတယ်တစ်ခုဖြစ်စေရေး အတွက်   ဟိုတယ်တွင် ဝန်ဆောင် မှု ပေးနေသူများအားလုံး၏ ဝတ်စား ဆင်ယင်မှုမှအစ   ဝန်ဆောင်မှုပေး သည်အထိ     သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း၊        သေသေ သပ်သပ်နှင့်   Neat   and  Tidy ဖြစ်ရန်လည်း အထူးအရေးကြီးပြီး    ဧည့်သည်များ      စိတ်ချမ်းမြေ့ စွာ     အပန်းပြေနားနေနိုင်စေရေးအတွက်လည်း    ဆောင်ရွက်ရန် လိုအပ်ကြောင်း   ပြောကြားပြီး  ဟိုတယ်များ   သန့်ရှင်းသာယာ လှပရေးဆိုင်ရာ  ကိစ္စရပ်များကို ဆွေးနွေးသည်။

 


ထိုသို့တွေ့ဆုံစဉ် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရာဇသင်္ဂဟ လမ်းမကြီး ဘေးဝဲယာရှိ အတွင်း လမ်းနှင့်      ဟိုတယ်ဧရိယာ အကြား   သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ နိုင်ငံတော် ဧည့်ဂေဟာများနှင့် ဟိုတယ်များ အတွင်း သစ်ပင်ကြီးများ အလင်း ဖွင့်ခြင်း၊   ချုံနွယ်များ   ရှင်းလင်း ခြင်း   ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ရန်    ကျန်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ ကြသည်။

 


နေပြည်တော်သည်   နိုင်ငံ၏ မြို့တော်ဖြစ်သည့်အတွက်    နိုင်ငံ တကာမှ    ခရီးသွားဧည့်သည်များ လာရောက်သည့်အခါတွင်   မြန်မာ နိုင်ငံ၏      စံပြမြို့တော်အဖြစ် ပုံရိပ်ကောင်းများ စွဲထင်နေစေရေး၊  ပြည်တွင်း / ပြည်ပမှ       ခရီးသွား ဧည့်သည်များ      လာရောက် လည်ပတ်ရာ  အချက်အချာ နေရာ တစ်ခုအဖြစ်    ဖြစ်ပေါ်လာစေရေး အတွက်  ဟိုတယ်နှင့် ခရီးသွားလာ ရေး ဝန်ကြီးဌာနအနေဖြင့် စဉ်ဆက် မပြတ်  ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။                                                         
သတင်းစဉ်