နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော်  စက်တင်ဘာ   ၉


နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော  ပူးပေါင်းအဖွဲ့သည်    နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်  ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ယမန်နေ့က အလယ်ချောင်းကျေးရွာအုပ်စု တောင်မြင့် ရွာမကျေးရွာသို့ ရောက်ရှိကြသည်။ 


ဦးစွာ  နေပြည်တော်ကောင်စီ ဝင်   ဗိုလ်မှူးကြီး   မင်းနောင်  ဦးစီးသည့်   ဌာနဆိုင်ရာများပါဝင် သော ပူးပေါင်းအဖွဲ့သည်  တောင် မြင့်ရွာမကျေးရွာ Church ကျောင်း ၌    အလယ်ချောင်းကျေးရွာအုပ်စု၊   ဘို့မကျေးရွာအုပ်စုနှင့်  ကိုးတစ် ကျေးရွာအုပ်စုမှ ဒေသခံ တိုင်းရင်း သားပြည်သူများနှင့်    တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို   ဖြည့်ဆည်း   ဆောင်ရွက်ပေးပြီး ထောက်ပံ့ရေး ပစ္စည်းများနှင့်    ပန်းခင်းစီမံချက် အရ   ဆောင်ရွက်ပေးသည့်   အိမ် ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံ သား    စိစစ်ရေးကတ်ပြားတို့ကို ပေးအပ်သည်။


ထိုသို့တွေ့ဆုံစဉ် နေပြည်တော် ကောင်စီအဖွဲ့ဝင်က    မြို့ပြနှင့် ကျေးလက်ဒေသ ကွာဟမှုမဖြစ် စေရေးနှင့်      တစ်ပြေးညီဖွံ့ဖြိုး တိုးတက်ရေးအတွက်  တောင်ပေါ် ဒေသကို   လာရောက်၍   ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို  လာရောက် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊    ဒေသခံတိုင်းရင်း သား ပြည်သူများအနေဖြင့်   မိမိ တို့ဒေသ   ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လိုအပ်သည်များကို ရင်းနှီး ပွင့်လင်းစွာ    တင်ပြပေးစေလို ကြောင်း၊ ထိုသို့ဆွေးနွေးတင်ပြမှ သာ ဒေသလိုအပ်ချက်များကို မိမိ တို့အနေဖြင့် အမြန်ဆုံးဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊    မိမိတို့ ရောက်ရှိနေသည့် အချိန်အတွင်း ၌လည်း    ကျေးရွာအုပ်စုအတွင်းရှိ ပညာရေး၊ ကျန်းမာရေးနှင့် လမ်း ပန်းဆက်သွယ်ရေး ကိစ္စရပ်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည်  ဖြစ်ကြောင်း၊ ဒေသ    ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေ‌ဒေသတည်ငြိမ်အေးချမ်းလုံခြုံရေးသည် လည်း   အရေးကြီးသည့်အတွက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူ လူထုတစ်သားတည်း    ရှိရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ် ကြောင်း  ပြောကြားသည်။ 


ထို့နောက်     နေပြည်တော် ကောင်စီဝင်နှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများသည်   အလယ်ချောင်း ကျေးရွာအုပ်စု၊ ဘို့မကျေးရွာအုပ်စု နှင့် ကိုးတစ်ကျေးရွာအုပ်စုအတွင်း ရှိ ကျေးရွာများမှ Church ကျောင်း များ၊      ဒေသခံပြည်သူများနှင့်   ကျောင်းသား      ကျောင်းသူများ အတွက်    လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်    ပစ္စည်းများ၊ ဆေးဝါးများ၊ ကျောင်းသုံး စာရေး ကိရိယာများနှင့်     ထောက်ပံ့ငွေ တို့ကို    ပေးအပ်ရာ   သက်ဆိုင်ရာ ကျေးရွာများမှ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ ရာအိမ်မှူးများ၊  လုံခြုံ ရေး   တပ်ဖွဲ့ဝင်များနှင့်    ကျောင်း အုပ်ဆရာကြီးများက လက်ခံရယူ ကြသည်။


ယင်းနောက်      ပျဉ်းမနား မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ရုံးမှ   ဦးစီးအရာရှိ    ဦးသန်းထွန်း အောင်က အလယ်ချောင်းကျေးရွာ အုပ်စု၊     ဘို့မကျေးရွာအုပ်စုနှင့် ကိုးတစ်ကျေးရွာအုပ်စုရှိ ကျေးရွာ သူကျေးရွာသားများနှင့် ကျောင်း သား ကျောင်းသူများအား ပန်းခင်း စီမံချက် (၂)ဖြင့်  ဆောင်ရွက်ပေးခဲ့ သည့်    နိုင်ငံသားစိစစ်ရေးကတ် ပြားများနှင့်   အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆)တို့ကို ပေးအပ်ရာ  တာဝန် ရှိသူတစ်ဦးက လက်ခံရယူသည်။ 


ဆက်လက်၍ ကျေးရွာများမှ  ဒေသခံတိုင်းရင်းသားပြည်သူများ က  မိမိတို့ဒေသအတွက် ဆောင် ရွက်ပေးစေလိုသည့်    လမ်းပန်း ဆက်သွယ်ရေး၊     ကျန်းမာရေး၊  ပညာရေး၊   ဆိုလာမီးများတပ်ဆင် နိုင်ရေး၊  စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် အခြားဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး တင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိ သူများက   သက်ဆိုင်ရာကဏ္ဍ အလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးမည့်အစီအမံများနှင့် စပ်လျဉ်း ၍    ပြန်လည်ရှင်းလင်း  ဆွေးနွေး ကြသည်။ 
ထို့နောက်     နေပြည်တော် ကောင်စီဝင်က ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက်    လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်း     ဆောင်ရွက် ပေးပြီး      နိဂုံးချုပ်    အမှာစကား ပြောကြားကာ    အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 


ယင်းနောက်       နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးစီးသည့်အဖွဲ့ သည်  တောင်မြင့်ရွာမ  အခြေခံ ပညာ     အလယ်တန်းကျောင်းသို့  ရောက်ရှိပြီး ပျဉ်းမနား တောင်ပေါ် ဒေသကျေးရွာများရှိ  အခြေခံပညာ  ကျောင်းများတွင်   တာဝန်ထမ်း ဆောင်လျက်ရှိကြသည့်   ဆရာ  ဆရာမများကို    တွေ့ဆုံအားပေး စကားပြောကြားကာ လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေး ပြီး   ကျောင်းသုံးစာရေးကိရိယာ     ပစ္စည်းများ၊     စားသောက်ကုန်     ပစ္စည်းများ၊       ဆေးဝါးများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။


ဆက်လက်၍   တောင်မြင့်ရွာမ   အခြေခံပညာ      အလယ်တန်း ကျောင်းတွင် ဒေသဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းစဉ်များကို   သက်ဆိုင် ရာကဏ္ဍအလိုက် ဆောင်ရွက်ကြ ရာ  ကုသရေးဦးစီးဌာန  နယ်လှည့် ဆေးကုသရေးအဖွဲ့က ကျေးလက် နေ  ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ပျဉ်းမနား မြို့နယ်     လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် အလယ် ချောင်းကျေးရွာအုပ်စု၊       ဘို့မ ကျေးရွာအုပ်စုနှင့် ကိုးတစ်ကျေးရွာ အုပ်စုရှိ  ကျေးရွာသူ ကျေးရွာသား များနှင့် ကျောင်းသား   ကျောင်းသူ များကို    ပန်းခင်းစီမံချက် (၂)ဖြင့်   အိမ်ထောင်စုလူဦးရေ       စာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက် ပေးကြသည်။            

သတင်းစဉ်