နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင် ပျဉ်းမနားမြို့နယ်အတွင်းရှိ  အဆင့်မြင့် လယ်ယာမြေဖော်ထုတ်စိုက်ပျိုးနေမှုများနှင့်  စိုက်ပျိုးရေးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများ ကြည့်ရှုစစ်ဆေး


 

နေပြည်တော် စက်တင်ဘာ ၇


ပြည်ထောင်စုနယ်မြေ   နေပြည် တော်ကောင်စီဥက္ကဋ္ဌ  ဒေါက်တာ မောင်မောင်နိုင်နှင့်  အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ယနေ့နံနက် ပိုင်းက ပျဉ်းမနားမြို့နယ် ဇီးဖြူပင် ကျေးရွာအုပ်စု ဇီးဖြူပင်ကျေးရွာရှိ အဆင့်မြင့်လယ်ယာမြေ    ဖော် ထုတ်  စိုက်ပျိုးနေမှုအခြေအနေ များကို          ကြည့်ရှုစစ်ဆေး သည်။
ကြည့်ရှုစစ်ဆေးစဉ်   နေပြည် တော်ကောင်စီဥက္ကဋ္ဌ   ဒေါက်တာ မောင်မောင်နိုင်က  မိမိတို့  နိုင်ငံ သည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်ခု    ဖြစ်သည်နှင့်အညီ လယ်ယာကဏ္ဍ    ဖွံ့ဖြိုးတိုးတက် ရေးအတွက်  ရည်မှန်းဆောင်ရွက် သည့်    နေရာတွင်   စိုက်ပျိုးမှု ထုတ်ကုန်စွမ်းအား  မြင့်မားရေး၊ ထုတ်ကုန်အရည်အသွေး  ကောင်း မွန်ရေးနှင့်    ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေး၊   ကျေးလက်နေ တောင်သူတို့၏   ဝင်ငွေတိုးတက် မြင့်မားရေး၊    ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး   စသည့်ရည် မှန်းချက်များဖြင့်  လယ်ယာကဏ္ဍ ကို   ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း   ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် ယခင်သမားရိုးကျ လယ်ယာစနစ်မှ  စက်မှုလယ်ယာ စနစ်သို့     ကူးပြောင်းရန် လိုအပ် မည်ဖြစ်ပြီး    စက်မှုလယ်ယာ ဖော်ဆောင်သည့်နေရာတွင် စက် ယန္တရားများ တွင်ကျယ်စွာ အသုံး ပြုနိုင်ရေးနှင့်    လယ်ကွက်များ စနစ်တကျ      လယ်ယာမြေသို့ ပြောင်းလဲ    ဖော်ထုတ်ခြင်းကဲ့သို့ အခြေခံကျသည့်  လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက်    နေပြည်တော် ကောင်စီဥက္ကဋ္ဌသည်   အဆင့်မြင့် လယ်ယာမြေ  ဖော်ထုတ်စိုက်ပျိုး နေမှု         အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍  နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သည်    တောင်သူဦးမြလှိုင်၏ သဘာဝငှက်ပျော  (ဖီးကြမ်း) သုံး ဧက စိုက်ခင်းတွင်  ငှက်ပျောပင် များ   အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေ(အပေါ်ပုံ)၊   ပျဉ်းမနား မြို့နယ်       ကျီးအင်းကျေးရွာရှိ   ဟင်းသီးဟင်းရွက်        အအေးခန်း စက်ရုံလည်ပတ်     ဆောင်ရွက်နေမှု အခြေအနေများကို    ကြည့်ရှု စစ်ဆေးကြောင်း သိရသည်။
သတင်းစဉ်