နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပျဉ်းမနားမြို့ကန်တော်မင်္ဂလာရှမ်းကန် သဲနုန်းများတူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်

 

နေပြည်တော်    မေ   ၄


နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးတင်ဦးလွင်သည် အဖွဲ့ဝင် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ပျဉ်းမနားမြို့ ကန်တော် မင်္ဂလာရှမ်းကန်၏ အရှေ့ဘက်ခြမ်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 


ထိုသို့    ကြည့်ရှုစစ်ဆေးရာ နေပြည်တော်    ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက    ကန်တော် အတွင်း      သဲနုန်းတူးဖော်ခြင်း လုပ်ငန်း     ဆောင်ရွက်နေမှုပြီးစီး မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြ ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက     လိုအပ်သည်များကို  မှာကြားပြီး     မြို့မိ  မြို့ဖများနှင့်    ရင်းရင်းနှီးနှီး  တွေ့ဆုံနှုတ်ဆက်သည်။

 


ဆက်လက်၍   နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် လေဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်   လယ်ဝေး မြို့နယ် ကန်သာအုပ်စု အောင်မြင် ကုန်းကျေးရွာနှင့်     တံတားဦး ကျေးရွာများရှိ    လေဘေးသင့် ပြည်သူများအတွက်    အလှူငွေ နှင့်  စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ     လှူဒါန်း ပေးအပ်ခြင်း     အခမ်းအနားသို့ တက်ရောက်သည်။

 


အခမ်းအနားသို့ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊     နေပြည် တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဝန်ကြီးဌာန များမှ      တာဝန်ရှိသူများနှင့် အလှူရှင်များ   တက်ရောက်ကြ သည်။

 


ရှေးဦးစွာ     နေပြည်တော် ကောင်စီဥက္ကဋ္ဌက လေဘေးဒဏ် ကြောင့်    ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ဝေးမြို့နယ် ကန်သာအုပ်စု အောင်မြင်ကုန်း    ကျေးရွာနှင့် တံတားဦးကျေးရွာများရှိ လေဘေး သင့်ပြည်သူများအတွက် မြို့နယ် အဆင့်     ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီများကို အဆင့် ဆင့်ဖွဲ့စည်းပြီး    သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်     ညှိနှိုင်း ပေါင်းစပ်၍ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီး     ပြန်လည်ရရှိရေး၊ နားခိုနိုင်ရန်   အမိုးအကာတဲများ ရရှိရေး၊     အပျက်အစီးများကို စက်အင်အား၊    လူအင်အားဖြင့် အမြန်ဖယ်ရှား     ရှင်းလင်းရေး၊ ကျေးရွာမြေကွက်များ စနစ်တကျ ဖော်ဆောင်ရေး၊      နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးနိုင်ရေးအတွက်   နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှု၊   အလှူရှင်များ၏  ကူညီ ထည့်ဝင်မှုများဖြင့် အကောင်းဆုံး ဖြစ်အောင် စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊  လှူဒါန်းသည့် ငွေနှင့်ပစ္စည်းများ  အလေအလွင့် အဖြစ်    မရှိစေရန်   စနစ်တကျစီမံ ခန့်ခွဲ၍ အကျိုးရှိစွာ အသုံးချနိုင် ရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း     ပြောကြားသည်။

 


ထို့နောက်  အလှူရှင်များက လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့်     ထောက်ပံ့ ပစ္စည်းများ ပေးအပ်လှူဒါန်းကြရာ နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် များက   လက်ခံရယူပြီး    ဂုဏ်ပြု မှတ်တမ်းလွှာများ      ပြန်လည် ပေးအပ်ကြသည်။

 


ယနေ့     အခမ်းအနားတွင် လေဘေးသင့်ပြည်သူများအတွက် ဝန်ကြီးဌာနများနှင့် စေတနာရှင် အလှူရှင်များက  စုစုပေါင်းငွေကျပ် ၂၄၉၈   သိန်းကျော်   လှူဒါန်းခဲ့ ကြောင်း သိရသည်။

 


မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့်     နေပြည်တော် အသေးစား၊      အငယ်စားနှင့် အလတ်စား    စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့  MSME လုပ်ငန်းကော်မတီအတွင်းရေးမှူး စက်မှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊   နေပြည်တော် အသေးစား၊       အငယ်စားနှင့် အလတ်စား   စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ ဝင်   ဗိုလ်မှူးကြီး    မင်းနောင်နှင့် နေပြည်တော်ကောင်စီ   အဖွဲ့ဝင် ဦးဇေယျာလင်း၊  MSME  ဗဟို ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် အထောက်အကူပြု   အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

 


ရှေးဦးစွာ     နေပြည်တော် အသေးစား၊      အငယ်စားနှင့် အလတ်စားစီးပွားရေး   လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက     အဖွင့်အမှာစကား ပြောကြားသည်။

 


ထို့နောက် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက MSME လုပ်ငန်း ကော်မတီ၏ လုပ်ငန်းဆောင်ရွက် မှု အခြေအနေများကို  ရှင်းလင်း ပြောကြားပြီး     နေပြည်တော် ကောင်စီအဖွဲ့ဝင်    ဗိုလ်မှူးကြီး မင်းနောင်နှင့် ဦးဇေယျာလင်းတို့ က အေဂျင်စီ၏   လုပ်ငန်းဆောင် ရွက်မှုများကို ရှင်းလင်းတင်ပြကြ သည်။

 


ဆက်လက်၍ စက်မှုကြီးကြပ် ရေးနှင့်    စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က  MSME ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ နှင့်     အထောက်အကူပြုအဖွဲ့ များ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊    စက်မှုကြီးကြပ် ရေးနှင့်    စစ်ဆေးရေးဦးစီးဌာန ဒုတိယ   ညွှန်ကြားရေးမှူးချုပ်က MSME Webportal    ဆိုင်ရာ ကိစ္စရပ်များကို     လည်းကောင်း၊ တက်ရောက်    လာကြသူများက သက်ဆိုင်ရာ    ကဏ္ဍအလိုက် လုပ်ငန်း   ဆောင်ရွက်မှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြ သည်။

 


ယင်းနောက်   နေပြည်တော် ကောင်စီဥက္ကဋ္ဌက တင်ပြချက်များ နှင့်စပ်လျဉ်း၍ လိုအပ်သည်များ ကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။                    

 

သတင်းစဉ်