နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်ကောင်စီမိသားစု မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ တက်ရောက်အားပေး

 

နေပြည်တော် ဖေဖော်ဝါရီ ၃


နေပြည်တော်ကောင်စီ  မိသားစု မြန်မာရိုးရာ  ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည် တော်ကောင်စီရုံး  ဇမ္ဗူသီရိခန်းမ ဝင်းအတွင်း၌ ကျင်းပရာ နေပြည် တော်ကောင်စီဥက္ကဋ္ဌ  ဦးတင်ဦး လွင်နှင့်ဇနီး    ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီ   အဖွဲ့ဝင် များနှင့်      ၎င်းတို့၏   ဇနီးများ၊ နေပြည်တော်ကောင်စီ   အတွင်း ရေးမှူးနှင့်ဇနီး၊    ဌာနဆိုင်ရာ တာဝန်ရှိသူများ  တက်ရောက်ကြသည်။

 


ရှေးဦးစွာ    နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊  နေပြည် တော်ကောင်စီ   အဖွဲ့ဝင်များနှင့်     တာဝန်ရှိသူများက  နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှိ   ဌာနခွဲအသင်း  လေးသင်းက  ပျော်ရွှင်စွာ ထမနဲထိုးယှဉ်ပြိုင်နေမှု ကို  လှည့်လည်ကြည့်ရှုအားပေး သည်။

 


ထို့နောက်    နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က ထမနဲထိုးပြိုင်ပွဲတွင်    ဆုရရှိ သည့်  အသင်းများကို    ဂုဏ်ပြုဆု များကိုလည်းကောင်း၊    နေပြည် တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဧည့်ခံဖျော်ဖြေပေးသည့် အိုးစည်၊   ဒိုးပတ်ဝိုင်းအဖွဲ့အား ဂုဏ်ပြုဆုငွေများကို       လည်းကောင်း၊    နေပြည်တော်ကောင်စီ အဖွဲ့ဝင်   ဦးမြင့်စိုးက ပျဉ်းမနားမြို့ နယ်မှ ထမနဲကြီးကြပ်ကူညီပံ့ပိုးပေးသူ  လေးဦးအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း  ပေးအပ် ချီးမြှင့်ခဲ့​ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)