နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ပဒုမ္မာလမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၀


(၇၆)နှစ်မြောက်   ပြည်ထောင်စု နေ့ကို     ကြိုဆိုဂုဏ်ပြုသောအား ဖြင့်            ပြည်ထောင်စုနယ်မြေ နေပြည်တော်  ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်     ပဒုမ္မာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ   အခမ်း အနားကို ယနေ့နံနက်  ၁၀  နာရီ တွင်  အဆိုပါလမ်းသစ်၌  ကျင်းပ သည်။   

 


ရှေးဦးစွာ     နေပြည်တော် ကောင်စီဥက္ကဋ္ဌ    ဦးတင်ဦးလွင် က    အမှာစကားပြောကြားရာ တွင်      ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည်နှင့်အညီ Green City,  Clean City,  Smart City ဖြစ်စေရေးနှင့်       ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး        လုပ်ငန်းများကို     အဓိကထား    ဆောင်ရွက်လျက်ရှိ ကြောင်း၊  ၂၀၂၂ - ၂၀၂၃   ဘဏ္ဍာ ရေးနှစ်အတွင်း    နေပြည်တော် ကောင်စီ၏      ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက်    ခွဲဝေရရှိ သော  ဘဏ္ဍာငွေများကို  မြို့နယ် များအလိုက်        ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား         ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ခွဲဝေ      ချထားပေးခဲ့ ကြောင်း၊     ယနေ့ဖွင့်လှစ်သည့် ပဒုမ္မာလမ်းအား   ဒေသခံပြည်သူ များ ရာသီမရွေး  စိတ်အေးချမ်းသာ စွာ         သွားလာနိုင်ရန်အတွက် ပြည်သူလူထု     အနေဖြင့်လည်း ရေရှည်        အသုံးပြုနိုင်ရေးကို တစ်ဖက်တစ်လမ်းမှ     ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ပေးကြရန် ပြောကြားသည်။

 


ထို့နောက် ရပ်မိရပ်ဖတစ်ဦးက ပဒုမ္မာလမ်း  ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ခြင်းနှင့်     ပတ်သက်၍ ကျေးဇူးတင်စကား      ပြန်လည် ပြောကြားသည်။

 


ယင်းနောက် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်      ပဒုမ္မာ လမ်း    ကွန်ကရစ်လမ်းသစ်ကို နေပြည်တော်ကောင်စီ         ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊        နေပြည်တော် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊   ဦးကျော် သိန်းဆိုင်၊ နေပြည်တော်  စည်ပင် သာယာရေးကော်မတီ    ဒုတိယ မြို့တော်ဝန်    ဦးမောင်မောင်နှင့် နေပြည်တော်     စည်ပင်သာယာရေး ကော်မတီ  အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တို့က   ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး    ပင်ကံ့ကော် ကုမ္ပဏီတာဝန်ခံ  ဦးဝင်းထွန်းက ဖွင့်ပွဲအထိမ်းအမှတ် အလံများကို နေပြည်တော်ကောင်စီ     ဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်  တာဝန်ရှိသူများ ကို ပေးအပ်သည်။

 


ဆက်လက်၍    နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက    ကွန်ကရစ်လမ်းသစ်ကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက်     နေပြည်တော် ကောင်စီဥက္ကဋ္ဌက ရပ်မိရပ်ဖများ နှင့်      တွေ့ဆုံ၍      ရင်းရင်းနှီးနှီး    နှုတ်ဆက်စကား    ပြောကြား သည်။

 


၂၀၂၂ -၂၀၂၃   ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ     ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့်  ဆောင် ရွက်သည့်   ရွှေကြာပင်ရပ်ကွက် ပဒုမ္မာလမ်းမှာ  လမ်းအရှည် ပေ ၃၄၀၀ ၊ အကျယ် ၁၈ ပေ၊   ရှစ် လက်မထု  ကွန်ကရစ်လမ်းဖြစ်ပြီး တန်ဖိုးငွေကျပ် ၂၂၈ ဒသမ ၈၆၇ သန်းဖြင့်   နေပြည်တော်ကောင်စီ ၏ ကြီးကြပ်မှုဖြင့် ပင်ကံ့ကော် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


ထွန်းထွန်းဝင်း(ပြန်/ဆက်)