
နေပြည်တော် မတ် ၂
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည် တော်ကောင်စီဝင်များ၊ ဌာန ဆိုင်ရာများ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် နေပြည်တော် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်နေသည့် တပ်ကုန်း မြို့နယ် သပြေချောင်းကျေးရွာ အုပ်စု သပြေချောင်းကျေးရွာ ဆင်သေချောင်းကမ်းပြို ကာကွယ် ရေးလုပ်ငန်း တည်ဆောက်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့် ရှုစစ်ဆေးပြီး (အပေါ်ယာပုံ) စပါး အပါအဝင် သီးနှံအထွက်နှုန်းများ တိုးတက်ရေးအတွက် မိရိုးဖလာ စိုက်ပျိုးနည်းမှ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ မှန်ကန် စွာစိုက်ပျိုးနိုင်ရေး၊ မျိုးကောင်း မျိုးသန့်များ၊ သွင်းအားစုများ၊ စိုက်ပျိုးရေများ စနစ်တကျသုံးစွဲ ပြီး ပန်းတိုင်အထွက်နှုန်း တိုးတက် ထွက်ရှိအောင် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင် ရပ်ကွက်အတွင်းရှိ ဦးတင်ထွန်း အောင်၏ မွေးမြူရေးခြံတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုး မည့် တောင်သူများအား သွင်းအား စုများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည် တော်ကောင်စီဥက္ကဋ္ဌက အမှာ စကားပြောကြားပြီး တာဝန်ရှိသူ များက နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံ ကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ထား ရှိမှု၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော် ကောင်စီဝင်များက တပ်ကုန်းမြို့ နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင် ရေး စီမံကိန်းရန်ပုံငွေဖြင့် ဆောင် ရွက်နေသည့် ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးမည့် တောင်သူ များအား သွင်းအားစုဓာတ်မြေ ဩဇာများ ထောက်ပံ့ပေးအပ် ကြသည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တောင်သူ ဦးတင်ထွန်းအောင်၏ နွေစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက် စိုက်ဧက ၁၈ ဧကတွင် စူပါနှံ ကောက်စပါးမျိုး စိုက်ပျိုးထားရှိမှု နှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ သုံးအချိုးတစ် ရောစပ်ကြဲပက်မှု၊ မွေးမြူရေးခြံ အတွင်း နွားများ မွေးမြူထားရှိမှု များနှင့် EM ဘိုကာရှီမြေဆွေးပုံ ပြုလုပ်ခြင်းတို့ကို တောင်သူများ နှင့်အတူ ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ် အောင်မြေ ရိပ်သာကျေးရွာ၊ ဒယောက်ကူး ကျေးရွာရှိ တောင်သူ ဦးရန်နိုင်စိုး ၏ ဆောင်းရာသီ သီးနှံစုံစိုက်စနစ် စိုက်ခင်း ၁၃ ဧကတွင် ခရမ်းချဉ်၊ ခရမ်း၊ ပဲကြီးနှင့် နေကြာသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများ ကို ကြည့်ရှုအားပေးပြီး နေပြည် တော်ကောင်စီဥက္ကဋ္ဌက လိုအပ် သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်