နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဒီဇင်ဘာ   ၂


နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်  စည်ပင်သာယာရေး   ကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊      ခရိုင်/မြို့နယ်      စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် ဥပ္ပါတသန္တိစေတီတော်မြတ် ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ပျဉ်းမနားမြို့    ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာန နာယက   ဆရာတော်   အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ် မြတ်အား    ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ      ဆက်ကပ် လှူဒါန်းသည်။


ထို့နောက်      နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပါဠိ တက္ကသိုလ် မင်္ဂလာဇေယျုံကျောင်း တိုက်    ပတ်ဝန်းကျင်    သန့်ရှင်း သာယာရေး   ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည် များ မှာကြားသည်။


အလေးထားဆောင်ရွက်


ယင်းနောက်     ဇေယျာသီရိ မြို့နယ်  ကျောက်ချက်ကျေးရွာ အနီးရှိ    ဆင်သေချောင်း    ယာယီ ချောင်းပိတ်ဆည်  တည်ဆောက် နေမှု(ယာပုံ)၊     သီးနှံစုံစိုက်ပျိုးထားရှိ မှု၊ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုး ရေပေးဝေနေမှုများကို      ကြည့်ရှု စစ်ဆေးပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက    တောင်သူများအား စိုက်ပျိုးရေပေးဝေရာတွင် စနစ် တကျရှိစေရေး၊ အကျိုးပြုဧကများ တိုးပွားလာရေးတို့ကို အလေးထား ဆောင်ရွက်ရန် မှာကြားသည်။


ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်    အဖွဲ့သည် ရန်ကုန် - မန္တလေး    ကားလမ်း ဟောင်းပေါ်ရှိ    ဆင်သေချောင်း တံတား(ကျောက်ချက်)သို့ ရောက် ရှိပြီး ဆင်သေချောင်း တံတားပေါ် တွင် AC ခင်းခြင်းလုပ်ငန်း ဆောင် ရွက်နေမှု၊ ဆင်သေကျေးရွာအနီး ငလိုက်       ဆည်ရေသောက်စနစ် ပြင်ပရှိ    ရေသောက်ဧရိယာများ အား   ပေါင်းလောင်းမြစ်မှ   ရေကူ ဖြည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက် နေသည့်  ရေသွင်းအဆောက်အအုံ၊ ရေစုကန်၊     ရေဝေကန်၊    ရေတင် စက်ရုံနှင့်      တူးမြောင်းများကို ကြည့်ရှုစစ်ဆေးပြီး     လိုအပ်သည် များကို မှာကြားသည်။


ထို့နောက် ပျဉ်းမနားမြို့နယ် ကင်ပွန်းတန်းကျေးရွာ    အနီးရှိ ရွှေပြည်စိုးဆန်စက်သို့ ရောက်ရှိပြီး ဆန်စက် လည်ပတ်ကြိတ်ခွဲနေမှု နှင့် စပါးအခြောက်ခံမှုလုပ်ငန်းကို ကြည့်ရှုကာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက         ဆန်အရည်အသွေး မြင့်မားရေး၊     နိုင်ငံတကာဆန် ဈေးကွက်တွင်    အဆင့်အတန်းမီ စေရေး၊    ဆန်စက်      စွမ်းအားပြည့် လည်ပတ်နိုင်စေရေး၊  ပြည်တွင်း စားသုံးမှုဖူလုံစေရေးနှင့်   ပြည်ပ သို့    တင်ပို့ရောင်းချနိုင်ရေးတို့ကို မှာကြားပြီး     လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။


စိုက်ပျိုးနေမှုကို ကြည့်ရှု


ယင်းနောက်    နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်     အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်      တဲကြီးကုန်း ကျေးရွာအုပ်စုအနီးရှိ ကွင်းအမှတ် ၁၆၆၀ တွင် တောင်သူ ဦးကျောက် ၏ စိုက်ဧက ၁၃ ဧက၌ ဆောင်းဆီ ထွက်သီးနှံ      ဆင်းရွှေကြာ-၂ နေကြာမျိုးကို စက်ကိရိယာများ ဖြင့်   စိုက်ပျိုးနေမှုကို   ကြည့်ရှုပြီး တောင်သူများနှင့်    တွေ့ဆုံကာ အဆင့်မြင့်      လယ်ယာမြေများ ဖော်ဆောင်ရေး၊ အထွက်နှုန်းများ တိုးတက်စေရေး၊  သုံးသီးစိုက်ပျိုး နိုင်ရေး၊  အကျိုးရှိမည့်  သီးနှံများ စိုက်ပျိုးနိုင်ရေး၊ တောင်သူတစ်ဦး ချင်း ဝင်ငွေတိုးတက်ရရှိစေရေးတို့ အတွက်      ဌာနဆိုင်ရာများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက် ကြရန်      မှာကြားပြီး         ဆောင်း ဆီထွက်သီးနှံ    ဆင်းရွှေကြာ - ၂ နေကြာမျိုးအား စက်ကိရိယာများ ဖြင့်     စိုက်ပျိုးနေမှုကို    ကြည့်ရှုခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်