
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ‘‘ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနားနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား သို့ တက်ရောက်
နေပြည်တော် ဇွန် ၁၄
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး ပြည်သူများသို့ အသိပညာပေးဆိုင်းဘုတ် (Bill-board) စိုက်ထူခြင်း အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း သိုက်ချောင်း လမ်းဆုံအနီး၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုနယ်မြေ ဦးစီး မှူးနှင့် တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များ တက်ရာက်ကြ သည်။
ဖဲကြိုးဖြတ်ဖွင့်
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည် တော် ကောင်စီဝင်များ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နေပြည်တော်တိုင်း ဦးစီးမှူးတို့က ၂၀၂၄ ခုနှစ် အောက် တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ သန်းခေါင်စာရင်း ကောက်ယူ နိုင်ရေး ပြည်သူများသိရှိနိုင်စေရန် အတွက် ‘‘ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့” အသိပညာပေးဆိုင်းဘုတ် (Bill-board) ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။ (အပေါ်ပုံ)
ထို့နောက် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဝန်ထမ်းများက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လက်ကမ်း စာစောင်များနှင့် လှုံ့ဆော်ရေး အထောက်အကူပြုပစ္စည်းများကို တက်ရာက်လာကြသူများထံ ဖြန့် ဝေပေးကြသည်။
ကြည့်ရှုအားပေး
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဖူဆယ် အားကစားရုံ၌ ကျင်းပသည့် ၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် ဖူဆယ် (အမျိုး သား) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ တက် ရောက်၍ ဗိုလ်လုပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ် အသင်းနှင့် ပျဉ်းမနားမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှု အားပေးကြသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင် များက အကောင်းဆုံးအားကစားသမားဆုရရှိသည့် အားကစား သမားနှင့် တတိယဆုရရှိသည့် ဥတ္တရသီရိမြို့နယ်အသင်း၊ ဒုတိယ ဆုရရှိသည့် ပျဉ်းမနားမြို့နယ် အသင်းတို့ကို တစ်ဦးချင်း ဆု တံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပထမဆုရရှိသည့် တပ်ကုန်း မြို့နယ်အသင်းကို တစ်ဦးချင်း ဆုတံဆိပ်များ ပေးအပ်ချီးမြှင့် ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပထမဆုရရှိ သည့် တပ်ကုန်းမြို့နယ်အသင်းကို တံခွန်စိုက်ဆုဖလားနှင့် ငွေသား ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပျဉ်းမနားမြို့ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးနှင့် လယ်ဝေး မြို့နယ် ခုတင် ၁၀၀ ဆံ့ ပြည်သူ့ ဆေးရုံကြီးတို့မှ အထူးကုဆရာ ဝန်ကြီးများ ပါဝင်သောအဖွဲ့သည် နေပြည်တော် လယ်ဝေးမြို့နယ် ဝက္ကမူကျေးရွာ ကျေးလက် ကျန်းမာရေးဌာန၌ ဝက္ကမူကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ချောင်းခွ ကျေးရွာ၊ သဲကောကျေးရွာ၊ ရှားကုန်းကျေးရွာ၊ ဇောင်ချမ်းကုန်း ကျေးရွာ၊ အောင်းကုန်းကျေးရွာနှင့် ပြည်ဝင်ကျေးရွာတို့မှ ဒေသခံ ပြည်သူများအား အခမဲ့ဆေးကုသ ပေးပြီး ကျန်းမာရေးစောင့်ရှောက် ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
လွှဲပြောင်းကုသပေးခဲ့
ဒေသခံပြည်သူများအား အခမဲ့ ဆေးကုသပေးပြီး ကျန်းမာရေး စောင့်ရှောက်ပေးရာတွင် အထွေ ထွေ ရောဂါလူနာ ၅၇ ဦး၊ မျက်စိ လူနာ ၆၇ ဦး၊ ခွဲစိတ်လူနာ ၁၄ ဦး၊ အရိုးလူနာ ၇၀၊ ကလေးလူနာ ၈ ဦး၊ သားဖွားမီးယပ်လူနာ ၁၅ ဦး၊ သွားလူနာ ၂၂ ဦး စုစုပေါင်းလူနာ ၂၅၃ ဦးကို ကျန်းမာရေးစောင့်ရှောက် မှုပေးပြီး လူနာ ၁၆ ဦးကို ဆေးရုံ ကြီးများသို့ လွှဲပြောင်းကုသပေးခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ပျံချီ)သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင် စွာ ပညာသင်ကြားနေမှု၊ စာသင် ခန်းများ၊ သင်ထောက်ကူခန်းများ၊ ကွန်ပျူတာခန်းများနှင့် ကျောင်း စာကြည့်တိုက်တို့ကို လှည့်လည် ကြည့်ရှုအားပေးပြီး စာကြည့် တိုက်အတွက် ငွေပဒေသာပင် နှင့် စာအုပ်များ ပေးအပ်လှူဒါန်း သည်။
ညနေပိုင်းတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပ သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လယ်ယာ မြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်း သုံးစွဲထားရှိမှုများ မရှိစေရေးနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေး အတွက် (SOP) နှင့်အညီ ဆောင် ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များက နေပြည်တော်အတွင်းရှိ လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်း သုံးစွဲထားရှိမှုများ မရှိစေရေးနှင့် နောင်ထပ်မံမဖြစ် ပွားစေရေးအတွက် (SOP) နှင့် အညီ စီမံဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများကို ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည် တော်ကောင်စီဥက္ကဋ္ဌက တင်ပြ ချက်များအပေါ် လိုအပ်သည်များ ကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံး ချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်