
နေပြည်တော် ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာ သင်္ကြန်အကျနေ့ ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး နှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်နှင့် ဌာနကြီးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များသည် နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၌ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစု များ၊ ပြည်သူများ ပျော်ရွှင်စွာ ရေသဘင်ပွဲတော် ဆင်နွှဲနေမှု များကို ကြည့်ရှုအားပေးကြ သည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များနှင့် ဇနီးများ၊ တာဝန်ရှိသူများသည် မြန်မာ့အသံ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့် တွဲဖက်၍ နိုင်ငံကျော်အနုပညာရှင် များ၊ တေးသံရှင်များ၊ ဝန်ကြီးဌာန များမှ သင်္ကြန်ယိမ်းအကအဖွဲ့များ ၏ ယိမ်းအက အလှများဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်မှု များကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ချီးမြှင့်ကြပြီး(ယာပုံ) နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် ဇနီးတို့က ယိမ်းအဖွဲ့များနှင့် ဧည့်ပရိသတ်များအား အောင် သပြေခက်များဖြင့် အတာရေ ပက်ဖျန်းပေးကြသည်။
နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် နေပြည် တော် လမ်းလျှောက်သင်္ကြန်ကို ပျဉ်းမနား- တောင်ညိုလမ်းပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ် အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံ ဧရိယာအထိ စည်ကားသိုက်မြိုက် စွာ ကျင်းပလျက်ရှိသည်။
သတင်းစဉ်