
နေပြည်တော် နိုဝင်ဘာ ၁၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်း အတွင်း၊ အပြင်၌ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်း များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဆရာ ဆရာမများက ပတ်ဝန်းကျင်သန့်ရှင်း သာယာရေး၊ သစ်ပင်များ အလင်းဖွင့်ခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေ မှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၇) အခြေခံ ပညာအထက်တန်းကျောင်းတို့၌ ကျင်းပနေသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နေပြည်တော်အဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် ကျောင်းသား ကျောင်းသူများက ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ဘတ်စကက်ဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးသည်။
သတင်းစဉ်