
နေပြည်တော် မေ ၁၀
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ များနှင့်အတူ ယနေ့ နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ် ရွှေအင်ကြင်း ရပ်ကွက်ရှိ ဉာဏ်အလင်းစာကြည့် တိုက်သို့သွားရောက်၍ စာကြည့် တိုက်အတွင်း စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှု အခြေအနေ များကို ကြည့်ရှုအားပေးသည်။
ပေးအပ်လှူဒါန်း
ထို့နောက် စာကြည့်တိုက် ကော်မတီဝင်များနှင့် တွေ့ဆုံ၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေး၊ ပြည်သူများ စာဖတ်သည့် အလေ့အထများ ဖြစ်စေရေး၊ အသိပညာ၊ အတတ်ပညာ ဗဟု သုတ ပြည့်စုံစေရေး၊ စာအုပ်များ စနစ်တကျထားရှိရေး၊ နေ့စဉ် ထုတ် သတင်းစာများ ထားရှိရေး၊ သုတရသ စာအုပ်စာစောင်များ ပြည့်စုံစွာထားရှိရေး၊ စာကြည့် တိုက်တွင် လူငယ်လူရွယ်များ အတွက် အသိပညာပေး နံရံကပ် စာစောင်များ ပြသပေးခြင်းနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရေး မှာကြားကာ ဉာဏ်အလင်းစာကြည့် တိုက်အတွက် စာအုပ်စာစောင် များ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး မြို့မိ မြို့ဖများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နေပြည်တော် ကောင်စီဥက္ကဋ္ဌက ကျောင်းအပ်နှံ ရေးအတွက် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်း အပ်နှံနိုင်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးတို့ကို အလေးထား ဆောင်ရွက်ကြစေ လိုကြောင်း၊ ကျောင်းပညာရေးအပြင် အသက် မွေးဝမ်းကျောင်း ပညာများကို သင်ကြားနိုင်ရေး၊ ပညာသင်ကြား သည့် ကလေးများအား ပညာရေး ဆုံးခန်းတိုင်အောင် သင်ကြားနိုင် ရေးတို့ကို ဆောင်ရွက်စေလို ကြောင်း၊ နေပြည်တော်ကို ပညာ ရေးမြို့တော်ဖြစ်အောင် ဆောင် ရွက်ကြရမည် ဖြစ်ကြောင်း၊ နေပြည်တော်ကို Green City, Clean City, Smart City အဖြစ် ဆောင်ရွက်လျက်ရှိရာ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြ စေလိုကြောင်း၊ ကျောင်းပတ်ဝန်း ကျင် စိမ်းလန်းစိုပြည်စေရေး အတွက် အမြဲစိမ်းသစ်ပင်များ၊ နှစ်ရှည်ပင်များ စိုက်ပျိုးရေး၊ အမှိုက် များကို စနစ်တကျစွန့်ပစ်ရေးနှင့် သန့်ရှင်းသာယာ လှပရေးကို အလေးထား ဆောင်ရွက်စေ လိုကြောင်း ပြောကြားသည်။
ကြည့်ရှုအားပေး
ထို့နောက် ကျောင်းအုပ် ဆရာမကြီးက ကျောင်းအပ်နှံရေး အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ကျောင်းစာကြည့် တိုက် ဖွင့်လှစ်ထားရှိမှုအခြေ အနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက စာသင်ခန်းများနှင့် ကျောင်း စာကြည့်တိုက် ဖွင့်လှစ်ထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ကျောင်း စာကြည့်တိုက်အတွက် ငွေပဒေသာ ပင်အဖြစ် အလှူငွေကျပ် ၁၀ သိန်းနှင့် စာအုပ်စာစောင်များ ကို ပေးအပ်လှူဒါန်းသည်။ ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့ အမှတ်(၁)ရပ်ကွက် ရှိ အမေသန်း စာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက်တွင် လူငယ်လူရွယ်များ စာပေလေ့လာ ဖတ်ရှုနေမှုကို ကြည့်ရှုအားပေး ၍ စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ် လှူဒါန်းသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
ထိန်းသိမ်းဆောင်ရွက်
တွေ့ဆုံစဉ် နေပြည်တော် ကောင်စီဥက္ကဋ္ဌက ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် ရေးတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက ကျသော အခန်းကဏ္ဍမှ ပါဝင် လျက်ရှိသဖြင့် MSME ထုတ်ကုန် များကို အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ တိုးမြှင့် တင်ပို့နိုင်ရေး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ အရေးပေါ်အခြေ အနေအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို စဉ်ဆက် မပြတ် ဆောင်ရွက်နေကြရန်လိုအပ် ကြောင်း၊ သစ်ပင်သစ်တောများ စိုက်ပျိုးခြင်းဖြင့် သဘာဝဘေး အန္တရာယ်ကို အထိုက်အလျောက် လျှော့ချနိုင်သဖြင့် ကျေးရွာ အုပ်စုများအလိုက် သစ်တော စိုက်ခင်းများ စိုက်ပျိုးအကောင် အထည်ဖော် ဆောင်ရွက်ရန်နှင့် သစ်တောပြုန်းတီးမှုများ မရှိစေ ရေးအတွက်လည်း အမျိုးသား ရေးစိတ်ဓာတ်ဖြင့် ထိန်းသိမ်း ဆောင်ရွက်သွားကြရမည် ဖြစ် ကြောင်း ပြောကြားသည်။
ယင်းနောက် လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ အချက်အလက်များကို လည်းကောင်း၊ တက်ရောက်လာ ကြသည့် ဌာနဆိုင်ရာများနှင့် စီးပွားရေး လုပ်ငန်းရှင်များက လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းများအခြေအနေနှင့် လိုအပ် ချက်များကိုလည်းကောင်း ရှင်းလင်း တင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်