နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အေလာတိုက်နယ်ဆေးရုံ၌ နေပြည်တော် ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆေးကုသပေးမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇန်နဝါရီ   ၃၀


နေပြည်တော်ကောင်စီဥက္ကဋ္ဌ   ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ နှင့်အတူ         နေပြည်တော်     ကုသရေးဦးစီးဌာနမှ ဦးဆောင်၍       နေပြည်တော်    ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) နှင့်  လယ်ဝေးမြို့နယ်(ခုတင်-၁၀၀)ဆေးရုံမှ   အထူးကုဆရာဝန်များအဖွဲ့က   ယနေ့ နံနက်ပိုင်းတွင် (၂၅)ခုတင်ဆံ့ အေလာတိုက်နယ်ဆေးရုံ ၌ အေလာအုပ်စုအတွင်းရှိ ကျေးရွာ ၁၁ ရွာမှ  ဒေသခံ ပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။


ယင်းနောက်     နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်  တာဝန်ရှိသူ များက  လာရောက်ဆေးကုသမှုခံယူသည့်  ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး  တွေ့ဆုံနှုတ်ဆက်ပြီး ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ၊     အာဟာရဖြစ် စားသောက်ဖွယ်ရာများ    ပေးအပ်ပြီး      အထူးကု ဆရာဝန်ကြီးများကို     အမှတ်တရ    သစ်သီးခြင်း ပေးအပ်သည်။
ထို့နောက်      နေပြည်တော်ကောင်စီဥက္ကဋ္ဌက ၂၅   ခုတင်ဆံ့     အေလာတိုက်နယ်ဆေးရုံအတွက် နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် အလှူငွေကျပ် ၁၀ သိန်းကိုပေးအပ်ရာ   အေလာတိုက်နယ် ဆေးရုံ အုပ်ကြီး    ဒေါက်တာဝဏ္ဏမျိုးထွဋ်က   လက်ခံရယူ သည်။


ယနေ့  အေလာအုပ်စုအတွင်းရှိ  ကျေးရွာများမှ အထွေထွေရောဂါလူနာ ၉၆ ဦး၊ မျက်စိလူနာ ၁၀၅ ဦး၊ ခွဲစိတ် ၁၆ ဦး၊ အရိုးလူနာ ၆၆ ဦး၊  ကလေးလူနာ ၁၃ ဦး၊ သားဖွားမီးယပ်လူနာ ၁၀ ဦး၊ သွား  လူနာ ၂၃ ဦး စုစုပေါင်းလူနာ ၃၂၉ ဦးကို ကျန်းမာရေးစောင့်ရှောက် မှုပေးခဲ့ပြီး   လူနာ  ၁၈ ဦးကို   ဆေးရုံကြီးများသို့ လွှဲပြောင်းခြင်းလုပ်ငန်းများ   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍   နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်   အေလာအုပ်စု  ရွာသစ် ကျေးရွာရှိ နေပြည်တော်တိုင်း ဝိနည်းဓိုရ်  ရပ်/ ကျေး သံဃနာယကအဖွဲ့  အကျိုးတော်ဆောင်  မန်ကျည်း တောကျောင်းတိုက်       ပဓာနနာယကဆရာတော် ဘဒ္ဒန္တကေသဝအား  သွားရောက်ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်၊  ဆီနှင့်  လှူဖွယ်ပစ္စည်းများ   ဆက်ကပ် လှူဒါန်းသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ သည်  လယ်ဝေးမြို့နယ်   ရုံးပင်ကျေးရွာအနီး ရုံးပင်-အေးချမ်းသာ ဆက်သွယ်သော လမ်းပေါ်ရှိ စစ်တောင်း မြစ်ကူးတံတား ပေ ၈၄၀  တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု  ၊     နေပြည်တော်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရုံးပင်-အောင်ချမ်းသာ  တံတားချဉ်းကပ်လမ်း    ၀ ဒသမ ၂၇၄  ကီလိုမီတာ  အရှည်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး  လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။


ယင်းနောက်   နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ရုံးပင်ကျေးရွာအုပ်စုအနီး ၂၀၂၃-၂၀၂၄ ခုနှစ် အစေ့ထုတ်ပြောင်းသီးနှံ  စပ်မျိုး မျိုးစေ့ထုတ်လုပ်ခြင်း ဧက ၄၀  တွင်  Top Partner Co.,Ltd. ၏  ပြောင်းမျိုး စမ်းသပ်ကွက်သို့သွားရောက်၍   အစေ့ထုတ်ပြောင်း သီးနှံ စိုက်ပျိုးထားရှိမှုနှင့်   ယာဉ်အန္တရာယ်၊    လမ်း အန္တရာယ်ကင်းရှင်းစေရေးအတွက်    နေပြည်တော် လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်  ရန်ကုန်-မန္တလေးမြို့ရှောင်လမ်းပေါ်တွင်   Thermo Plastic Paint    ဆေးလိုင်းဆွဲခြင်းလုပ်ငန်း၊    လမ်းညွှန်၊ လမ်းအမှတ်အသားများ  ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် မြို့ရှောင်လမ်း ဘေးဝဲ/ယာတွင်  အရိပ်ရသစ်ပင်များ သုံးတန်း  စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှု  စစ်ဆေးသည်။


တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်


ဆက်လက်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်  ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပသည့်       နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ  အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့    တက်ရောက်ပြီး     နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် များနှင့်  ဇနီးများ၊   တာဝန်ရှိသူများက   အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု၊ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိ သည့် အသင်းများမှ အားကစားသမားများ၊ အမျိုးသား ခရစ်ကက်ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု၊  ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိ သည့်       အသင်းများမှ      အားကစားသမားများကို  တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုများ၊ တံခွန်စိုက် ဆုဖလားများကို      ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။                                            

သတင်းစဉ်