
နေပြည်တော် နိုဝင်ဘာ ၁၇
(၃၄)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်း အမှတ် ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနား ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီနာယက၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီဝင်များ၊ နေပြည်တော် အမျိုးသမီးရေးရာ အဖွဲ့နာယက၊ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန် ရှိသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင် ရေးအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ကလေး သူငယ်များနှင့်မိဘများ တက် ရောက်ကြသည်။
ဦးစွာ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနာယက၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ တွင် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို အပြည်ပြည် ဆိုင်ရာ သဘောတူစာချုပ်အဖြစ် ပြဋ္ဌာန်းခဲ့သည့် နိုဝင်ဘာ ၂၀ ရက် ကို ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်း ရှင်း နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ကာ အခမ်းအနားများ ကျင်းပလျက်ရှိကြောင်း၊ ကလေး သူငယ်များ၏ အခွင့်အရေးများ ကို ပိုမိုရရှိလာစေရေးအတွက် ကလေးများနှင့် သက်ဆိုင်သည့် အခန်းကဏ္ဍအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ခြင်း၊ တာဝန်ယူခြင်းဖြင့် ကလေး သူငယ်အခွင့်အရေးများကို ဖော် ဆောင်ပေးလျက်ရှိကြောင်း၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနအနေဖြင့် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးနှင့် ပတ်သက်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက် ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးမှု အခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေ ပြီး လူသားစွမ်းအားစုများကို မှန်ကန်စွာ ပြုစုပျိုးထောင်ပေးနိုင် ရေး အင်တိုက်အားတိုက် ဆောင် ရွက်လျက်ရှိကြောင်း၊ ကလေး သူငယ်များကို နည်းမှန်လမ်းမှန် စနစ်တကျပြုစုစောင့်ရှောက်မှုပေးခြင်းဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက် လာစေပြီး အရည်အသွေးမြင့်မား လာစေကာ အနာဂတ်အတွက် ကောင်းမွန်သည့် အခြေခံအုတ်မြစ် များ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများသည် နေပြည်တော် ကလေးပြုစုရေး ဌာနနှင့် မူလတန်းကြိုကျောင်းများ ဖြစ်ကြသည့် ရင်သွေးရတနာ မူလ တန်းကြိုကျောင်း၊ တော်ဝင်ရတနာ မူလတန်းကြိုကျောင်း၊ သီရိ ရတနာ မူလတန်းကြိုကျောင်း၊ ဒက္ခိဏသီရိ မူလတန်းကြို ကျောင်း၊ လွှတ်တော်မူလတန်းကြို ကျောင်း၊ ဥတ္တရသီရိမူလ တန်းကြိုကျောင်း၊ ပျဉ်းမနားမူလတန်းကြိုကျောင်းနှင့် နန်းထိုက် ရတနာ မူလတန်းကြိုကျောင်း တို့မှ သားငယ် သမီးငယ်လေး များ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှု အားပေးပြီး သားငယ် သမီးငယ် လေးများအား ဂုဏ်ပြုလက် ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်