
နေပြည်တော် နိုဝင်ဘာ ၂၂
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော် နည်းပညာ တက္ကသိုလ်၏ (၂၀၂၂-၂၀၂၃) ပညာ သင်နှစ် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းများကို ယမန်နေ့က စတင်ဖွင့်လှစ်ရာ နေပြည်တော် နည်းပညာတက္ကသိုလ်၌ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားလျက် ရှိသော ကျောင်းသား ကျောင်းသူ များကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည် တော် ကောင်စီအဖွဲ့ဝင်များဖြစ်ကြ သည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦး၊ အဆင့်မြင့်သိပ္ပံ နှင့် နည်းပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများက သွားရောက်တွေ့ဆုံ အားပေးကြသည်။
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများသည် နေပြည်တော် နည်းပညာ တက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူများ သင်ကြားသင်ယူမှု အထောက်အကူပြုစနစ် (Learn-ing Management System – LMS) ကို အသုံးပြုကာ ထိထိ ရောက်ရောက် သင်ကြားသင်ယူမှု ပြုနေသော သင်ခန်းစာများ၊ ခေတ်မီ သင်ထောက်ကူပစ္စည်း များ၊ ခေတ်မီလက်တွေ့ခန်းသုံး ပစ္စည်းများ၊ သုတေသနဓာတ်ခွဲ ခန်းများ၊ Language Lab ၊ ကွန်ပျူ တာခန်းများ၊ ခေတ်မီစာကြည့် တိုက်နှင့် e-Library တို့ကို ကြည့်ရှုစစ်ဆေးပြီး အစည်းအဝေး ခန်းမတွင် ဆရာ ဆရာမများ နှင့်တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သည် ကျောင်းသား ကျောင်းသူ များ၊ ကျောင်းသားမိဘများကို တွေ့ဆုံ၍ လိုအပ်ချက်များ မေးမြန်းအားပေးသည်။
အဆိုပါ နေပြည်တော် နည်းပညာတက္ကသိုလ်တွင် မြို့ပြ အင်ဂျင်နီယာဘာသာရပ်၊ အီလက် ထရောနစ် အင်ဂျင်နီယာဘာသာ ရပ်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ဘာသာရပ်၊ စက်မှုအင်ဂျင်နီယာ ဘာသာရပ်၊ သုတနည်းပညာ ဘာသာရပ်နှင့် ဗိသုကာဘာသာ ရပ်များကို သင်ကြားပေးသွား မည်ဖြစ်ကြောင်းနှင့် သင်တန်းနှစ် များကို တစ်နှစ်ပြီးတစ်နှစ်တိုးချဲ့၍ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့ သင်တန်းများအထိ ဖွင့်လှစ်ပေး သွားမည်ဖြစ်သည့်အတွက် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ် သည့် အရည်အသွေးမြင့် လူ့ စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည် ဖြစ်ပြီး နိုင်ငံတော်အတွက် လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များကို ပိုမို မွေးထုတ် လေ့ကျင့်ပေးနိုင်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည် သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေနိုင်မည်ဖြစ်သည်။
ယနေ့တွင် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာ တက္ကသိုလ် ၃၄ ကျောင်းနှင့် ကွန်ပျူတာတက္ကသိုလ် ၂၇ ကျောင်းတို့တွင်လည်း (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၏ ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းများကို တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်