နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင်သာယာလှပရေးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော် စက်တင်ဘာ ၇


နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ  အဖွဲ့ဝင် များ၊ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီမှ ဒုတိယမြို့တော် ဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပျဉ်းမနားမြို့    မြို့မိမြို့ဖများနှင့် အတူ  ယမန်နေ့   နံနက်ပိုင်းက ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာ ရှမ်းကန်    အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့်   ကန်ပတ်ဝန်းကျင် သာယာလှပရေးလုပ်ငန်း ဆောင် ရွက်နေမှုကို     ကြည့်ရှုစစ်ဆေး သည်။


 ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိ သူများသည်  ကန်တော်မင်္ဂလာ ရှမ်းကန်အတွင်း  ရေလယ်ဘုရား ကျောင်းဆောင်     တည်ဆောက် ပြီးစီးမှု၊    လူကူးလျှောက်လမ်း တံတားအသစ်  တည်ဆောက်ရန် အတွက်   ကွန်ကရစ်ပိုင်ရိုက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊   ကန် ပတ်ဝန်းကျင်သာယာလှပစေရန် အတွက်   မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို   ကြည့်ရှု စစ်ဆေးသည်။ 


အမြဲမပြတ် သန့်ရှင်းစေရေး


ယင်းနောက် လူကူးလျှောက် လမ်းတံတားအသစ်တည်ဆောက် ရန် ကွန်ကရစ်ပိုင် ရိုက်ခြင်းလုပ်ငန်း ကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင် စနစ် တကျ  ဆောင်ရွက်ကြရန်၊  ကန် ပတ်လည်တွင် ရာသီမရွေးပွင့်လန်း စေမည့် အရိပ်ရပင်နှင့် ပန်းအလှ ပင်များ     ထပ်မံစိုက်ပျိုးရန်နှင့် အရိပ်ရပင်များ၏ အမည်နာမများ တပ်ဆင်ထားရှိရန်၊     ရေကန် အတွင်းနှင့်    ကန်ပတ်ဝန်းကျင် တွင်  အမြဲမပြတ်  သန့်ရှင်းစေရေး ဂရုပြုဆောင်ရွက်ရန်တို့ကို   မှာ ကြားသည်။


အပန်းဖြေအနားယူနိုင်


ထို့နောက်     နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည်   ပျဉ်းမနား မြို့၊ ရန်ကုန်-မန္တလေး ကားလမ်း ဟောင်းဘေးအ.ထ.က(၃)ကျောင်း ရှေ့ရှိ မေတ္တာကန်သို့ သွားရောက် ကြည့်ရှုပြီး မြို့တော်ဝန်က မေတ္တာ ကန်အတွင်း       ကြာပန်းများ ထည့်သွင်းစိုက်ပျိုးရန်နှင့်   ကန် ပေါင်ပတ်လည်တွင် ပန်းအလှပင် များ စိုက်ပျိုးထားရှိရန်၊ ကန်ပေါင် အက်ကွဲခြင်းများကို   ပြန်လည် ပြုပြင်ရန်နှင့် အများပြည်သူများ အပန်းဖြေအနားယူနိုင်မည့်နေရာအဖြစ်     ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်