နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒက္ခိဏခရိုင်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေး

 

နေပြည်တော်   ဧပြီ    ၁


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင် နိုင်သည်  နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်  ဒက္ခိဏခရိုင်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိ မြို့နယ်များအတွင်း ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနများသို့ သွားရောက် ပြီး ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့   အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 


အဆိုပါ   စာစစ်ဌာနများမှ   တာဝန်ရှိသူများက စာစစ်ဌာနများအလိုက်  ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက  ၂၀၂၁-၂၀၂၂  ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို   ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူများ  စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးနှင့်  တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ    ကျင်းပပြီးစီးနိုင်ရေး     ဝိုင်းဝန်း ဆောင်ရွက်ကြရန် မှာကြားသည်။

 


ပြည်ထောင်စုနယ်မြေ   နေပြည်တော်၌   စာစစ် ဌာန စုစုပေါင်း ၅၂ ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၁၇၂၂၈ ဦး စာရင်းပေးသွင်းကြပြီး  ယနေ့ အင်္ဂလိပ်စာ ဘာသာရပ်ကို   ကျောင်းသား   ကျောင်းသူ စုစုပေါင်း ၁၆၀၉၅ ဦး ရာခိုင်နှုန်းအားဖြင့် ၉၃ ဒသမ ၄၂ ရာခိုင် နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်