နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် Quarantine Centre  ဆောင်ရွက်မည့်နေရာများနှင့် Oxygen Plant တည်ဆောက်မည့်နေရာ ကြည့်ရှုစစ်ဆေး

 

 

နေပြည်တော်     ဇူလိုင်    ၁၂


နေပြည်တော်ကောင်စီဥက္ကဋ္ဌ         ဒေါက်တာ မောင်မောင်နိုင်သည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနား မြို့နယ်   မင်္ဂလာဗျူဟာ  သာသနာ့ဗိမာန်တော်ကြီး  နှင့်     လယ်ဝေးမြို့နယ်    အားကစားကွင်းအတွင်း ယာယီ Quarantine Centre ဆောင်ရွက်မည့် နေရာ များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 
ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ သည် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ ဗိမာန်တော်ကြီးအတွင်းရှိ  Quarantine  Centre သို့ရောက်ရှိရာ    ခရိုင်နှင့်   မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက အိပ်ဆောင်များ၊ ရေချိုးခန်းများနှင့်   သန့်စင်ခန်းများ     ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက    ဗိမာန်တော်ကြီး အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ အိပ်ဆောင် များအတွင်း   စနစ်တကျခုတင်များကို   ထားရှိရေး၊ နှာခေါင်းစည်း  (Mask)  များ၊  လက်အိတ်များ၊  PPE ဝတ်စုံများနှင့် လက်သန့်ဆေးရည်များ လုံလောက်မှု ရှိစေရေးနှင့် လိုအပ်သည်များကို မှာကြားသည်။
ထို့နောက်       နေပြည်တော်ကောင်စီ       ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့သည် လယ်ဝေး  မြို့နယ်    အားကစားကွင်းအတွင်း      Quarantine Centre ဆောင်ရွက်မည့်နေရာ၌ လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို     လှည့်လည်ကြည့်ရှု   စစ်ဆေးပြီး  တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြား သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ နေပြည်တော် ပြည်သူ့ဆေးရုံ ခုတင် (၃၀၀) အတွင်း Oxygen Plant တည်ဆောက်နေသည့်   နေရာသို့     ရောက်ရှိပြီး နေပြည်တော်    လမ်းဦးစီးဌာန     ညွှန်ကြားရေးမှူး ဒေါ်နွယ်နီထွန်းက Oxygen Plant တည်ဆောက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက  အချိန်မီပြီးစီးရေးနှင့်  Oxygen ထုတ်လုပ်ရေးလုပ်ငန်း    ဆောင်ရွက်ရာတွင်    စနစ် တကျရှိစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
 ခရိုင် (ပြန်/ဆက်)