နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပျဉ်းမနားမြို့နယ်ရှိ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်လည်ပတ်မှု ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဩဂုတ်   ၁၆


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင် နိုင်၊     နေပြည်တော်တိုင်းစစ်ဌာနချုပ်    တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်နှင့်      တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပျဉ်းမနားမြို့ ဈေးကုန်းဘုန်းတော်ကြီး  ကျောင်းတိုက်အတွင်းရှိ    ပျဉ်းမနားမြို့  ပရဟိတအသင်းပိုင် အောက်ဆီဂျင် စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုကို ကြည့်ရှု စစ်ဆေးသည်။


ရှင်းလင်းတင်ပြ


ကြည့်ရှုစစ်ဆေးစဉ်  ပျဉ်းမနားမြို့ ပရဟိတ အသင်းပိုင် အောက်ဆီဂျင်စက်ရုံဥက္ကဋ္ဌ ဦးတေဇာ အောင်က စက်ရုံလည်ပတ်နေမှု၊  အောက်ဆီဂျင် ထုတ်လုပ်ပုံ ထုတ်လုပ်နည်းအဆင့်ဆင့်နှင့် ဖြန့်ဖြူး ရောင်းချနေမှုကို ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က    လိုအပ်သည်များကို     မှာကြား သည်။


အခမဲ့လှူဒါန်း


အဆိုပါ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်မှာ  တရုတ်နိုင်ငံထုတ် PSA အမျိုးအစားဖြစ်ပြီး တစ်ရက် လျှင် အောက်ဆီဂျင်လီတာ ၄၀ ဆံ့အိုး ၁၀၀ ခန့် ထုတ်လုပ်နိုင်ရာ ထွက်ရှိသည့် အောက်ဆီဂျင်အိုး များထဲမှ ၂၅ လုံးကို လိုအပ်လျက်ရှိသည့် ဘုန်းတော် ကြီးကျောင်းများနှင့် သံဃာ့ဆေးရုံများအား အခမဲ့ လှူဒါန်းပေးပြီး      ကျန်အောက်ဆီဂျင်အိုးများအားတစ်လုံးလျှင်  ငွေကျပ် ၇၀၀၀ ဖြင့်  ပရဟိတအဖွဲ့ များနှင့် အောက်ဆီဂျင်လိုအပ်သည့် ပြည်သူများသို့    ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။   


ခရိုင်(ပြန်/ဆက်)