နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းအဆင့်ကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုနှင့် အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်

ဥတ္တရသီရိ ဩဂုတ် ၁၂ ပြည်ထောင်နယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် နေပြည် တော် ပြည်သူ့ကျန်းမာရေးဦးစီး ဌာန တိုင်းအဆင့် ကျောင်းကျန်းမာ ရေးလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပ သည်။ အခမ်းအနားတွင် နေပြည် တော်ကောင်စီ ဥက္ကဌ ဒေါက်တာ မောင်မောင်နိုင်က ကျောင်းသား လူငယ်များအတွက် ကျန်းမာရေး အဆင့်အတန်း မြှင့်မားရေးသည် အဓိကကျသော အခန်းကဏ္ဍ တွင် ပါဝင်ကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် ဩဂုတ် ၇ ရက်မှ ၁၃ ရက်အထိ ကျရောက်သည့် ကျောင်းကျန်းမာ ရေးသီတင်းပတ်၌ တိုင်းအဆင့် အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပြီး ပြည်ထောင်စု နယ်မြေအတွင်းရှိ အခြေခံပညာ ကျောင်းများ၊ ကိုယ်ပိုင်ကျောင်း များနှင့် ဘုန်းတော်ကြီးသင် စာသင် ကျောင်းများရှိ မူလတန်း၊ အလယ် တန်း၊ အထက်တန်းကျောင်းသား ကျောင်းသူ စုစုပေါင်း နှစ်သိန်း ကျော်ခန့်ကို ပထမအကြိမ် ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးသွားမည် ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။ ထို့နောက် နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီရိနွယ်က ကျန်းမာ ရေးဌာနမှ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌ နေပြည်တော် ကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မင်းနောင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက စနစ်တကျ လက်ဆေးခြင်း၊ ကလေးများ ၏ သွားတိုက်နည်းစနစ်များ မှန်ကန်စွာ သရုပ်ပြမှုများကို လိုက်လံကြည့်ရှုကြောင်း သိရ သည်။ ကျော်စွာဟိန်း(ပြန်/ဆက်)