နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်  နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များတွင်  အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း ကြည့်ရှုအားပေး

 

 

နေပြည်တော် အောက်တိုဘာ ၁၂


နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင် များ   ဖြစ်ကြသည့်   ဗိုလ်မှူးကြီး မင်းနောင်၊   ရဲမှူးကြီး ကိုကိုလွင်၊ ဦးကျော်သိန်းဆိုင်တို့နှင့်   အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ   နေပြည်တော်အတွင်း ရှိ     ပျဉ်းမနားမြို့နယ်    မင်္ဂလာ ဗျူဟာ သာသနာ့ဗိမာန်တော်ကြီး ဆေးထိုးစုရပ်၊    ဇမ္ဗူသီရိမြို့နယ် အမှတ်(၇)အခြေခံပညာအထက် တန်းကျောင်း     ဆေးထိုးစုရပ်၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈)အခြေခံပညာ     အထက်တန်း ကျောင်း ဆေးထိုးစုရပ်နှင့်လယ်ဝေး မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း   ဆေးထိုး စုရပ်တို့တွင် အသက် ၁၂ နှစ်နှင့် အထက်  အခြေခံပညာ  အထက် တန်းနှင့်    အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉   ရောဂါ    ကာကွယ် ဆေးထိုးနှံပေးနေမှုကို  လှည့်လည် ကြည့်ရှုအားပေးသည်။ 
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး       ထိုးနှံသည့် ဆေးထိုးစုရပ်    အသီးသီးတွင် အသက် ၁၂ နှစ်နှင့် အထက်အခြေခံ ပညာအထက်တန်းနှင့်  အလယ် တန်းအဆင့်       ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံပေး နေမှုကို     ကြည့်ရှုအားပေးပြီး ကာကွယ်ဆေး လာရောက်ထိုးနှံ  သည့်  ကျောင်းသား  ကျောင်းသူ များကို   ရင်းရင်းနှီးနှီး   အားပေး စကားပြောကြား၍ နှာခေါင်းစည်း (Mask)  များ     ဖြန့်ဝေပေးကာ တာဝန်ရှိသူများအား လိုအပ်သည် များ မှာကြားသည်။
နေပြည်တော်တွင် အခြေခံ ပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့်   ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတို့မှ  အထက် တန်းဆင့်နှင့် အလယ်တန်းဆင့် သင် ကျောင်း ၄၉၆ ကျောင်း  တို့ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်   အသက်  ၁၂ နှစ်နှင့် အထက် အထက်တန်း ကျောင်း သား    ကျောင်းသူ    ၂၀၂၅၇  ဦး၊ အလယ်တန်း     ကျောင်းသား ကျောင်းသူ   ၆၃၇၁၂  ဦး      စုစု ပေါင်း ကျောင်းသား ကျောင်းသူ ပေါင်း   ၈၃၉၆၉  ဦးတို့ကို  ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း     သိရ သည်။ 
သတင်းစဉ်