နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပ်နှံတာဝန်ပေးအပ်ပွဲ တက်ရောက်

 

နေပြည်တော်  ဧပြီ   ၂၀


ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များနှင့် နေပြည်တော်ကောင်စီငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပ်နှံတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ    နေပြည်တော် ကောင်စီဥက္ကဋ္ဌ      ဒေါက်တာ မောင်မောင်နိုင်က နေပြည်တော် အနေဖြင့် ဘတ်ဂျက်များလျာထား ခဲ့ရာ တွင်    ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊     ပြည်သူလူထု၏ အကျိုးစီးပွား    လိုအပ်ချက်များ ကို  တိုက်ရိုက်ဖြည့်ဆည်းပေးနိုင် မည့်  လုပ်ငန်းများ၊    စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို        တိုက်ရိုက် အထောက်အကူ     ပြုစေသည့် လုပ်ငန်းများကို       ဦးစားပေး သတ်မှတ်ခဲ့ပါကြောင်း၊    ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သည်နေပြည် တော်၏    စီးပွားရေး    ပြန်လည် ဦးမော့လာစေရန် အားပေး ဆောင် ရွက်ရမည့် နှစ်တစ်နှစ်ဖြစ်သကဲ့သို့ GDP တိုးတက်စေမည့် ကုန်ထုတ် လုပ်မှုအကျိုးပြု အသုံးစရိတ်များ နှင့် ဒေသဖွံ့ဖြိုးရေးအသုံးစရိတ် များကို     ဦးစားပေးရွေးချယ်ပါ ကြောင်း၊   နိုင်ငံတော်က   ချမှတ် ထားသည့်    မူဝါဒများနှင့်အညီ ကဏ္ဍအလိုက် အောင်မြင်အောင် အကောင်အထည်ဖော်     ဆောင် ရွက်ရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာ ငွေ    သုံးစွဲကြရာတွင်   တည်ဆဲ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြား ချက်များနှင့်အညီ သုံးစွဲရန် လိုအပ် ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်၊ နှစ်စဉ်စီမံကိန်းကို ဧပြီလ မှ       စတင်အကောင်အထည် ဖော်  ဆောင်ရွက်ရမည်ဖြစ်ရာ သက်ဆိုင်ရာဌာနများ အနေဖြင့် လုပ်ငန်းစီမံကိန်းများ အကောင် အထည်ဖော်ရာတွင် ပြည်သူများ ၏ အကျိုးကို ရှေးရှုပြီး သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး၊ ပြည်သူ့ဘဏ္ဍာငွေ များ အလေအလွင့်မရှိစေရေးတို့ ကို       အလေးထားကြပ်မတ် ဆောင်ရွက်ကြရန်    လိုအပ်ပါ ကြောင်း ပြောကြားသည်။

 


ထို့နောက်    နေပြည်တော် ကောင်စီအဖွဲ့ဝင်    ဗိုလ်မှူးကြီး မင်းနောင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်၊   နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်း      ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်     စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး နေပြည်တော် စီမံကိန်းဦးစီးရုံး ညွှန်ကြားရေးမှူး ဦးဝင်းကြည်က     ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊   နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

 


ယင်းနောက်  နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင် မောင်နိုင်က    ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို  နေပြည်တော် စည်ပင်သာယာရေးကော်မတီနှင့်  နေပြည်တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး     လုပ်ငန်းသို့လည်း ကောင်း၊     လယ်ယာကဏ္ဍကြီး စီမံကိန်း     ရည်မှန်းချက်များကို သက်ဆိုင်ရာဌာနများ၏ ကိုယ်စား လှယ် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနသို့ လည်းကောင်း နှစ်စဉ် စီမံကိန်း       ရည်မှန်းချက်များ နှင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တာဝန်ပေးအပ်သည်။

 


ထို့နောက်    နေပြည်တော် ကောင်စီ အဖွဲ့ဝင်များကသက်ဆိုင် ရာ   ဌာနဆိုင်ရာများ၊   ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကို    နှစ်စဉ် စီမံကိန်း       ရည်မှန်းချက်များ နှင့်     ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ တာဝန်ပေးအပ်ခဲ့ကြကြောင်း သိရသည်။   

 

 သတင်းစဉ်