နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော်အတွင်းရှိ တက္ကသိုလ်များနှင့် ကောလိပ်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မေ   ၁၁


နေပြည်တော်ကောင်စီဥက္ကဋ္ဌ        ဒေါက်တာ မောင်မောင်နိုင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင် များနှင့်အတူ   ယနေ့နံနက်ပိုင်းတွင်  နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ  ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊     မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့်    ပတ်ဝန်းကျင်ဆိုင်ရာ      တက္ကသိုလ်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ  စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ အစိုးရနည်းပညာကောလိပ် တို့ကို မေ ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်သင်ကြား နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 


ကြည့်ရှုစစ်ဆေးရာတွင်   သက်ဆိုင်ရာတက္ကသိုလ်၊ ကျောင်းများမှ    တာဝန်ရှိသူများက   ကျောင်းအပ် လက်ခံဆောင်ရွက်နေမှု ၊ စာသင်ခန်းများ ပြင်ဆင် ဆောင်ရွက်ထားမှု၊  သင်ကြားရေး  ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ နေထိုင်စား သောက်ရေး ကြိုတင်စီမံထားရှိမှုများကို  သက်ဆိုင်ရာ တက္ကသိုလ်များနှင့်        ကောလိပ်ကျောင်းများတွင် ရှင်းလင်းတင်ပြသည်။

 


တင်ပြချက်များနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌ      ဒေါက်တာမောင်မောင်နိုင်က ကျောင်းသား ကျောင်းသူများ  စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးကို    စီစဉ်ဆောင်ရွက်ရန် လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံ ရသေးသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို  စာရင်းတိကျစွာ ကောက်ယူပြီး ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ကြရန်  လိုအပ်ကြောင်း၊ ကျောင်းသား ကျောင်းသူများကို ထူးချွန်ထက်မြက်ပြီး တတ်မြောက် ကျွမ်းကျင်သည့်   ပညာရှင်များဖြစ်ရေးအတွက် ပြုစု ပျိုးထောင်သင်ကြားပေးစေလိုကြောင်း    မှာကြား သည်။

 


နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ      တက္ကသိုလ်/ ကောလိပ်ကျောင်း အသီးသီးရှိ    စာသင်ဆောင်များ၊ အိပ်ဆောင်များ ၊ ဓာတ်ခွဲခန်း၊    သင်ထောက်ကူပစ္စည်းဆောင်များ၊ စာကြည့်တိုက်များနှင့်    လက်တွေ့သင်ကြားမည့် ခန်းမများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 


နေပြည်တော်(ပြန်/ဆက်)