
နေပြည်တော် ဩဂုတ် ၂၉
နေပြည်တော် လယ်ဝေးမြို့နယ် ဘုရားကြီးကျောင်း တိုက်တွင် သီတင်းသုံးလျက်ရှိသော ရဟန်း၊ သာမဏေများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံ ပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ သံဃာ တော်များ၊ သီလရှင်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးနေမှုကို သွားရောက် ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။
ထို့နောက် နေပြည်တော်အဝင် စီလမ်းဆုံစုပေါင်း စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးဆောင်ရွက် နေမှုနှင့် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း ဆေးထိုးစုရပ်၌ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးနေမှုကို သွားရောက်၍ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင် ပြန်/ဆက်)