နေပြည်တော်ကောင်စီနယ်မြေကို   စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး စိမ်းလန်းသန့်ရှင်းတင့်တယ်သော မြို့တော်ဖြစ်စေရေး  ကြိုးပမ်းဆောင်ရွက်       

 

 

နေပြည်တော်      မေ     ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ကန်ကြီးကျေးရွာအနီးရှိ မုန်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် မုန်ရေထိန်းတမံ၏  ရေဝင်ရောက်မှု၊ စိုက်ပျိုးရေ ပေးဝေနေမှု၊ တမံကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
စိုက်ပျိုးမြေဧက ၇၅၀၀၀ ကျော်
အကျိုးပြု
စိုက်ပျိုးမြေဧက      ၄၀၀၀ ကျော်ကို အကျိုးပြုလျက်ရှိသည့် မုန်ရေထိန်းတမံ       အပါအဝင် နေပြည်တော်ကောင်စီနယ်မြေရှိ ရေလှောင်တမံဆည်ကန်စုစုပေါင်း ၃၂  ခုမှ  စုစုပေါင်း  စိုက်ပျိုးမြေ ဧက  ၇၅၀၀၀  ကျော်ကို အကျိုး ပြုလျက်ရှိပြီး   ဆည်ရေသောက် ဧရိယာများအတွင်း     စနစ်ကျ လယ်ယာမြေ   ဧက   ၁၀၀၀၀ ကျော်   ဖော်ထုတ်စိုက်ပျိုးလျက်ရှိ ကြောင်း၊   ၂၀၂၂-၂၀၂၃    မိုးသီးနှံ အဖြစ် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံအပါအဝင် သီးနှံစုံစုစုပေါင်း  ဧက   ၃၃၄၀၀၀  ကျော်   စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက်  ဒုတိယဝန်ကြီး သည်   တပ်ကုန်းမြို့   ညောင်တုံး အိုင်ကျေးရွာအုပ်စု      တရော်ပင် ကျေးရွာ နွေစပါးတစ်ဧက တင်း ၁၂၀  အထက်  ထွက်ရှိရေး  စံပြ ကွင်း၏   စိုက်ပျိုးဖြစ်ထွန်းနေမှု  နှင့်   ရွက်ဖျန်းမြေသြဇာ  စုပေါင်း ပက်ဖျန်းနေမှုတို့ကို       ကြည့်ရှု အားပေးပြီး   တောင်သူ များနှင့်  ရင်းရင်းနှီးနှီးတွေ့ဆုံကာ   သီးနှံမျိုးကောင်းမျိုးသန့် ရွေးချယ် အသုံးပြုရန်     လိုအပ်ချက်များ၊  ခေတ်မီ    စိုက်ပျိုးနည်းစနစ်များ  လိုက်နာကျင့်သုံးရေး၊     သဘာဝ မြေဩဇာနှင့်    ဓာတ်မြေဩဇာများ အချိုးညီမျှတစွာသုံးစွဲရန် လိုအပ် ချက်များနှင့် တောင်သူတစ်ဦးချင်း ၏  ဝင်ငွေတိုးတက်ရေး၊   လူနေမှု အဆင့်အတန်း      မြင့်မားရေးတို့ အတွက်    တောင်သူပုဂ္ဂလိကနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင် ရွက်ရန်      လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
တန်ဖိုးမြင့်ထုတ်ကုန်များ     
ထုတ်လုပ်နိုင်ရေး
အလားတူ ဒုတိယဝန်ကြီးနှင့်  အဖွဲ့သည်  တပ်ကုန်းမြို့   ကံကြီး  မွေးမြူရေးဇုန်သို့ ရောက်ရှိကြပြီး မွေးမြူရေးတောင်သူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်       တွေ့ဆုံ၍ မြေယာ အသုံးချမှုများကို တည်ဆဲ  ဥပဒေများနှင့်အညီ      ဖြစ်စေရေး၊ တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်  တားဆီးကာကွယ်ရေးနှင့် တိရစ္ဆာန် အစားအစာဖူလုံရေး၊     အရင်းအနှီး နှင့်   နည်းပညာ   ရရှိရေးအတွက် သက်ဆိုင်ရာများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးရန် လိုအပ်ချက် များ၊   စျေးကွက်ဖော်ဆောင်ပေး နိုင်ရန်နှင့်   တန်ဖိုးမြင့်ထုတ်ကုန် များ     ထုတ်လုပ်နိုင်ရေးဆိုင်ရာ များကို    ဆွေးနွေးခဲ့ကြကြောင်း သိရသည်။       
         သတင်းစဉ်