နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ နှာခေါင်းစည်းများ ပေးဝေလှူဒါန်း

 

နေပြည်တော်   ဇူလိုင်  ၂၄


အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ   လူစည်ကားရာ  ဘုရားစေတီများ၊   ရပ်ကွက်များ၊ ဈေးများ၊ လမ်းများ၌ ပြည်သူများအား နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ   နယ်မြေခံတပ်မတော်သားများက  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ  နှာခေါင်းစည်း ၂၀၀၀ တို့ကို  ပြည်သူများ၏ လက်ဝယ်အရောက်   အခမဲ့  ပေးဝေလှူဒါန်းခဲ့ကြကြောင်း   သတင်း ရရှိသည်။                             

 

 သတင်းစဉ်