နေပြည်တော်ကောင်စီနယ်မြေအတွင်း ဦးတည်အုပ်စုများနှင့် ဦးစားပေးအစီအစဉ်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

နေပြည်တော်  ဩဂုတ်  ၁


နေပြည်တော်ကောင်စီနယ်မြေအတွင်း  ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာမြို့နယ်များအလိုက် စုရပ်နေရာများခွဲ၍ ဦးတည်အုပ်စုများနှင့် ဦးစားပေး အစီအစဉ်များအလိုက်     ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။ 


ထိုးနှံပေး


နေပြည်တော်       ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသည့် မြို့နယ်များအလိုက် စုရပ်နေရာ များဖြစ်သည့်  အခြေခံပညာအထက်တန်းကျောင်း များ၌ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၊  ကိုဗစ်-  ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများတွင် ရှေ့တန်းမှ     တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေးမထိုးရသေးသော      ကျန်းမာရေး ဝန်ထမ်းများနှင့် ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းများ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများဆောင်ရွက်နေသော ကာကွယ်ဆေးမထိုးရသေးသည့်  စေတနာ့ဝန်ထမ်း များ၊  ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံ ဝန်ထမ်းများအား ကိုဗစ် - ၁၉  ရောဂါ  ကာကွယ်ရေးနည်းလမ်းများနှင့် အညီ ကာကွယ်ဆေးထိုးနှံပေးသည်။ 


ယင်းသို့       ကာကွယ်ဆေးထိုးနှံပေးရာတွင် တပ်ကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၌ လူဦးရေ ၆၇၀ ကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်း၌ လူဦးရေ ၄၄၂ ဦးကိုလည်းကောင်း၊   ဇေယျာသီရိမြို့နယ်     ပြည်စံအောင်အခြေခံပညာ အထက်တန်းကျောင်း၌ လူဦးရေ ၄၀၀ ခန့်ကိုလည်း ကောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်း၌  လူဦးရေ ၄၀၀ ခန့်ကို လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်  မင်းကုန်းအခြေခံ ပညာအထက်တန်းကျောင်း၌ လူဦးရေ  ၄၀၀ ခန့်ကို လည်းကောင်း၊ လယ်ဝေးမြို့နယ် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၌ လူဦးရေ ၈၀၀ ခန့်ကို လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံ ပညာအထက်တန်းကျောင်း၌ လူဦးရေ ၆၀၄ ဦးကို လည်းကောင်း၊  ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ လူဦးရေ  ၃၅၀  ခန့်ကိုလည်းကောင်း     ကာကွယ်ဆေးထိုးနှံပေး ကြသည်။ 


ဆောင်ရွက်ထား


ကိုဗစ် - ၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ  ကျန်းမာရေးဝန်ထမ်းများက  ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏတိုင်းတာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးသည့်အပြင် ဆေးထိုး နှံပြီးသူများကိုလည်း ဌာနဆိုင်ရာများနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက နားနေခန်းများသို့ နာရီဝက် အနားယူနိုင်စေရန် ကူညီခေါ်ဆောင်ပေးခြင်း၊ အနားယူ နေစဉ်အချိန်အတွင်း ရုတ်တရက်ကျန်းမာရေးချို့ယွင်း လာပါကလည်း  လိုအပ်သည်များ  ကုသပေးနိုင်ရန် အဆင်သင့်ဆောင်ရွက်ပေးခြင်း၊   အနားယူပြီးချိန် တွင်လည်း စနစ်တကျပြန်နိုင်စေရန် အထွက်လမ်း များကို ဆောင်ရွက်ပေးထားခြင်းနှင့် ဆေးလာရောက် ထိုးနှံသူများ ကျန်းမာရေးအတွက်သာမက လုံခြုံရေး အတွက်လည်း         မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်ထားကြောင်း သိရသည်။


ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ သည့်နေရာများတွင်   ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်   ကာကွယ်ဆေးထိုးနှံမည့် ပြည်သူလူထုသိရှိထားရမည့်  အချက်အလက်များကို ကာကွယ်ဆေးလာရောက်ထိုးနှံသူများ မြင်သာသည့် နေရာများတွင် ချိတ်ဆွဲကြေညာထားသည်ကိုလည်း တွေ့ရသည်။
ဆက်လက်ထိုးနှံပေးသွားမည်


 ကာကွယ်ဆေးထိုးနှံခြင်းကာလကို   မိမိတို့ မြို့နယ်အလိုက် ကောက်ခံထားသည့် လူဦးရေစာရင်း များနှင့် ရရှိသည့်ဆေးခွဲတမ်းများအရ သတ်မှတ်ထား ခြင်းဖြစ်သော်လည်း  ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းကို  ဩဂုတ် ၁ ရက်မှ ၄ ရက်အထိ လျာထားသတ်မှတ်ထားပြီး   ဦးတည်အုပ်စုများနှင့် ဦးစားပေးအစီအစဉ်များအလိုက်    ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြန်မာ နိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါ  ဖြစ်ပွားမှုနှင့် ရောဂါ ကြောင့် သေဆုံးမှုကိုလျှော့ချရန်၊  ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို  တားဆီးရန်နှင့်  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်မှုကို လျှော့ချနိုင်ရန်       စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  


သတင်း- ဟန်ရဲမင်းလော
ဓာတ်ပုံ - ကျော်ထိန်