
နေပြည်တော် သြဂုတ် ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ယနေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ် ခရမ်းကိုင်း ကျေးရွာအုပ်စု ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေး ရှေ့ပြေး ဧရိယာအတွင်းရှိ စနစ်တကျ လယ်ယာမြေ၌ ဌာနဆိုင်ရာ များ၊ ဒေသနေတောင်သူများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ချောင်းမငယ်ဆည် ရေ သောက်စနစ်၊ လက်တံမြောင်း အမှတ်(၁၁)တွင် တူးမြောင်းပုံစံ ကျ တူးဖော်ပြုပြင်ခြင်း၊ မြေသား တူးမြောင်းများ လိုင်နင်စီခြင်း၊ တူးမြောင်းအတွင်း ရေမှတ်တိုင် စိုက်ထူခြင်း၊ ရေပေးပြွန်များ ပြန်လည်စိစစ်ခြင်းနှင့် ရေတံခါး တပ်ဆင်ခြင်းလုပ်ငန်းများ၊ ဆည် ရေပေးဝေမှု တိုးတက်ခေတ်မီရေး ရှေ့ပြေးဧရိယာအတွင်းရှိ စနစ် တကျလယ်ယာမြ ဧက ၁၂၀ တွင် လုပ်ငန်းများဆောင်ရွက်နေမှု၊ ရေ အသုံးချသူများအဖွဲ့ ထပ်မံဖွဲ့စည်း ခြင်းနှင့် တောင်သူများ ပူးပေါင်း ပါဝင်သော ရေစီမံခန့်ခွဲမှုလုပ်ငန်း များ တိုးမြှင့်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ပြီး နေပြည်တော်ကောင်စီ နယ်မြေအတွင်း အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုနှင့် သီးနှံ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးမှု၊ မိုးနေကြာ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှု ဆိုင်ရာများကို တာဝန်ရှိသူ များနှင့် ဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီး က တောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးအထွက်နှုန်း သိသာစွာ တိုးတက် ထွက်ရှိနိုင်ရေး၊ ခေတ်မီ စိုက်ပျိုးနည်းစနစ်များ အသုံးပြု ဆောင်ရွက်ရေး၊ စိုက်ပျိုးရေး သွင်းအားစုများကို အကျိုးရှိ ထိရောက်စွာသုံးစွဲရေး၊ တောင်သူ အချင်းချင်း နည်းပညာဖလှယ်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ဒေသနေတောင်သူ များနှင့်အတူ (Rs to Cs) ဆင်းသုခ မျိုးစေ့ထုတ် စိုက်ခင်းတွင် ကောက်စိုက်နေမှုကို လည်း ကောင်း၊ မြေအောက်ရေတိုင်းတာ ခြင်းနှင့် မိုးရေချိန်တိုင်းတာခြင်း ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း ကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် ဆင်သေရွာအုပ်စု ဇီးရိုင်းရွာရှိ မွေးမြူရေး တောင်သူတစ်ဦး၏ ကြက်မွေးမြူရေးခြံတွင် အသား တိုးကြက်များ မွေးမြူထားရှိမှု ကိုလည်းကောင်း၊ သနပ်ပင်ဆိပ် အနောက်ရွာရှိ ပုဂ္ဂလိက ဆိတ် မွေးမြူရေးခြံနှင့် ဝက်မွေးမြူရေး ခြံများကိုလည်းကောင်း ကြည့်ရှု အားပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် ပေါင်း လောင်းဆည်(လှေခွင်းတောင်)၌ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါး မွေးမြူကြမည့် တောင်သူများ နှင့်တွေ့ဆုံ၍ မျိုးကောင်းမျိုးသန့် ငါးမျိုးများ မွေးမြူထုတ်လုပ်နိုင် ရေး၊ သဘာဝမြစ်ချောင်းများတွင် ငါးသယံဇာတ ပွားများစေရေးနှင့် ပြည်သူများ ငါးစားသုံးမှုတိုးတက် စေရေးအတွက် နိုင်ငံတော်က ဘဏ္ဍာနှစ်အလိုက် စီမံဆောင်ရွက် ပေးနေမှုနှင့် ရေချိုငါးမွေးမြူရေး ထုတ်လုပ်မှု တိုးတက်ရေးအတွက် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် ငါးမွေးမြူရေးလုပ်ငန်းများအထိ အားပေးဆောင်ရွက်နေမှုများကိုဆွေးနွေးပြောခဲ့ကြောင်း သိရ သည်။
သတင်းစဉ်