နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၌ နေအိမ်အတွင်းဝင်ရောက်၍ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ကာ လက်ကိုင်ဖုန်းလေးလုံးနှင့် မော်တော်ယာဉ်တစ်စီးလုယက်ယူဆောင်ခဲ့သူ တရားခံနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ

 

နေပြည်တော်  ဩဂုတ်  ၁၃


၂၀၂၄ ခုနှစ် ဩဂုတ် ၁၀ ရက်  မွန်းလွဲ ၃  နာရီတွင်  နေပြည်တော်ကောင်စီနယ်မြေ   ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်  မြတ်လေးလမ်း  အကွက်အမှတ် (၅၉၅၈)နေ  ဦးသန်းနိုင်ထွန်း (၄၉)  နှစ်၏ နေအိမ်၌   လူသတ်မှုဖြစ်ပွားကြောင်း  သတင်းအရ  လုံခြုံရေး တပ်ဖွဲ့ဝင်များ  ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေ များနှင့်အတူ   သွားရောက်စစ်ဆေးခဲ့ရာ   အဆိုပါ နေအိမ်အတွင်း၌  ဦးသန်းနိုင်ထွန်းနှင့်  ၎င်း၏ဇနီး ဖြစ်သူ  ဒေါ်စောသန္တာဦး (၄၈) နှစ်နှင့်  သားဖြစ်သူ ကိုနောင်ရွှေအုပ်စိုး (၂၉)နှစ်တို့အား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို   တွေ့ရှိရပြီး   အဆိုပါနေအိမ်ရှိ YGN-36 5E/9185 Ractis အမျိုးအစား  ခဲရောင် မော်တော်ယာဉ်မှာ ပျောက်ဆုံးနေသည်ကို  စစ်ဆေး တွေ့ရှိရသဖြင့်  ဘုရားကုန်းမြို့မရဲစခန်း(ပ)၃၉/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄/၃၄ ဖြင့် အမှုဖွင့်လှစ် စုံစမ်းစစ်ဆေးခဲ့သည်။


အထက်ပါဖြစ်စဉ်မှ  ပြစ်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက အထူးအမှုစစ်အဖွဲ့ဖြင့် အခင်းဖြစ်ရပ်မှတ်တမ်း အထောက်အထားများရယူခြင်း၊  နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ လုံခြုံရေးဆိုင်ရာအထောက် အကူပြုပစ္စည်းများမှ သတင်းအချက်အလက်များရယူ ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၁၁ ရက်တွင် အဆိုပါ YGN-36 5E/9185 Ractis ခဲရောင်မော်တော်ယာဉ်အား ပျဉ်းမနားမြို့ ပေါင်းလောင်း(၂)ရပ်ကွက်ရှိ ရွှေပေါင်း လောင်း  တည်းခိုခန်းအနီး  လမ်းမပေါ်တွင်    တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူ တရားခံများ အား ကွင်းဆက်မပြတ်ဆက်လက်စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံဖြစ်သည့် ဝင်းမင်းသူ (ခ) ဖိုးလပြည့်(ခ)ဇော်ဇော်(၁၉)နှစ် (ဘ)ဦးကျော်သူ၊ ချောင်းစောက်ကျေးရွာ  ပုဗ္ဗသီရိမြို့နယ်နေသူအား ဩဂုတ် ၁၂ ရက်  ည ၆ နာရီခွဲတွင်  ရန်ကုန်မြို့မှ ချောက်မြို့သို့ ထွက်ခွာလာသည့် မြသရဖူ ခရီးသည် တင်ယာဉ်ပေါ်၌ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ ဝင်းမင်းသူ(ခ)ဖိုးလပြည့်(ခ)ဇော်ဇော်၏ ထွက်ဆိုချက်အရ ၎င်းနှင့်အတူ ပြစ်မှု ကျူးလွန်ခဲ့သူ တရားခံ ရဲထက်ကျော်(၁၉)နှစ် (ဘ)ဦးကျော်အေး၊ ဥတ္တရသီရိရပ်ကွက် ဥတ္တရသီရိမြို့နယ် နေသူအား ယင်းနေ့ ည ၁၀ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် ကြာအင်း (အနောက်)ကျေးရွာ၌ လူသတ်မှုကျူးလွန်၍ လုယက်ယူဆောင်ခဲ့ သည့် လက်ကိုင်ဖုန်းနှစ်လုံးနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ ဝင်းမင်းသူ(ခ)ဖိုးလပြည့်(ခ)ဇော်ဇော်နှင့်  ရဲထက်ကျော်တို့၏  ထွက်ဆိုချက်အရ ၎င်းတို့နှစ်ဦးသည် သေဆုံးသူ နောင်ရွှေအုပ်စိုးနှင့် မိတ်ဆွေသူငယ်ချင်းများဖြစ်ကြပြီး နောင်ရွှေအုပ်စိုး မှာ     မူးယစ်ဆေးဝါးသုံးစွဲလေ့ရှိသူဖြစ်ကြောင်း၊ နောင်ရွှေအုပ်စိုး၏နေအိမ်၌   ၎င်းတို့နှစ်ဦးနှင့်အတူ မကြာခဏ   အရက်နှင့်ထန်းရည်အတူသောက်ခြင်း တို့ကို ပြုလုပ်လေ့ရှိကြောင်း၊  တရားခံ ရဲထက်ကျော်မှ ဆိုင်ကယ်အသစ်ဝယ်ယူရန်အတွက် ငွေကြေးလိုအပ် နေသဖြင့်    သူငယ်ချင်းဖြစ်သူ  နောင်ရွှေအုပ်စိုးတို့ မိသားစုအား သတ်ဖြတ်ပြီး ၎င်းတို့ပိုင် မော်တော်ယာဉ် အား ရောင်းချပါက ငွေများရရှိနိုင်ကြောင်း၊ ရောင်းချ ငွေများအား   ၎င်းတို့နှစ်ဦးမှ  တစ်ဝက်စီခွဲဝေယူရန် တိုင်ပင်ခဲ့ကြပြီး ဩဂုတ် ၈ ရက် ည  ၇  နာရီတွင် နောင်ရွှေအုပ်စိုး၏ နေအိမ်သို့ သွားရောက်၍ အရက် အတူ သောက်စားခဲ့ပြီးနောက် နောင်ရွှေအုပ်စိုးနှင့် ၎င်း၏     မိဘများဖြစ်သည့်     ဦးသန်းနိုင်ထွန်း၊ ဒေါ်စောသန္တာဦးတို့    သုံးဦးအား   အသင့်ယူဆောင် လာသည့် သစ်သားတုတ်၊  ဓားများဖြင့်   ရိုက်နှက် ထိုးခုတ်သတ်ဖြတ်ခဲ့ကာ   နေအိမ်ရှိ  လက်ကိုင်ဖုန်း လေးလုံး၊ YGN-36 5E/9185 Ractis    အမျိုးအစား    ခဲရောင်   မော်တော်ယာဉ်တစ်စီးတို့ကို   ယူဆောင် ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရသည်။


ဖြစ်စဉ်တွင် တရားခံများဖြစ်ကြသည့် ဝင်းမင်းသူ (ခ)ဖိုးလပြည့်(ခ)ဇော်ဇော်နှင့်  ရဲထက်ကျော်တို့သည် ငွေကြေးလိုအပ်ချက်အရသူငယ်ချင်းဖြစ်သူနှင့် ၎င်း၏     မိဘများအား သတ်ဖြတ်ကာ လုယက်မှုကျူးလွန်ခဲ့ ကြခြင်းဖြစ်ကြောင်း    ဖော်ထုတ်သိရှိရပြီး   တရားခံ များအား   ဥပဒေနှင့်အညီ    ထိရောက်စွာ   အရေးယူ နိုင်ရေး        လုံခြုံရေးတပ်ဖွဲ့ဝင်များက       ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း   သိရသည်။


သတင်းစဉ်