နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

 

နေပြည်တော် ဇူလိုင်  ၂၈


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးရှိ   ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ   အပါအဝင် လူမျိုးမရွေး၊    ဘာသာမရွေး အသက်     ၆၅    နှစ်အထက် သက်ကြီးဘိုးဘွားများ၊    ဌာန ဆိုင်ရာဝန်ထမ်းများ၊   တိုင်းရင်း သား  ပြည်သူများနှင့်  အကျဉ်း ထောင်များ၌   ပြစ်ဒဏ်ကျခံနေ သည့် အကျဉ်းသား၊ အကျဉ်းသူ များကို   ကိုဗစ်- ၁၉  ရောဂါ ကာကွယ်ဆေး      ထိုးနှံနိုင်ရေး အတွက်   ဆေးပစ္စည်းများအား တပ်မတော်  လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေရှိ ဝန်ကြီးဌာနပေါင်းစုံမှ ဒုတိယအကြိမ်  ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့် ဝန်ထမ်း ၂၇၆    ဦးကို    လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေး သာစံမြို့နယ်၊   မဟာအောင်မြေ မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရ မြို့နယ်နှင့်   ပုသိမ်ကြီးမြို့နယ် များရှိ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူ  စုစုပေါင်း  ၁၁၆၁  ဦးကို လည်းကောင်း၊    နေပြည်တော် အချုပ်ထောင်၌ ပြစ်ဒဏ်ကျခံနေ သည့် အကျဉ်းသား၊ အကျဉ်းသူ ၃၆၀  ကို  ပထမအကြိမ်အဖြစ် လည်းကောင်း၊   ရန်ကုန်တိုင်း ဒေသကြီး  အင်းစိန်ဗဟိုအကျဉ်း ထောင်၌   ထိန်းသိမ်းထားသော အကျဉ်းသား၊    အကျဉ်းသူနှင့် အချုပ်သား၊     အချုပ်သူ   ၆၁၀ ကို    ပထမအကြိမ်အဖြစ်လည်း ကောင်း တပ်မတော်မှ ဆေးအဖွဲ့ များက    ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊    သက်ဆိုင်ရာ ကျန်းမာရေး      ဝန်ထမ်းများ၊ စေတနာ့       ဝန်ထမ်းများနှင့်အတူ ပူးပေါင်းကာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

 


ယင်းသို့    ဆောင်ရွက်ပေး နေမှုများကို   တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း  သတင်းရရှိ သည်။


သတင်းစဉ်