နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်လာသကဲ့သို့ ကျေးလက်နေတောင်သူများ၏ လူနေမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်    ဧပြီ    ၅


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးလှမိုး၊   နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင်   နေပြည်တော်ကောင်စီ နယ်မြေအတွင်း     ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။


တွေ့ဆုံ


ဦးစွာ   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ  ပျဉ်းမနားမြို့နယ် တောင်သာအုပ်စု      သူဌေးကုန်းကျေးရွာရှိ နေပြည်တော် သမဝါယမအသင်းစုချုပ်၏ ပြောင်း ချဉ်ဖတ်စက်ရုံသို့  ရောက်ရှိကြပြီး နေပြည်တော် သမဝါယမအသင်းစုချုပ်မှ    တာဝန်ရှိသူများ၊ မွေးမြူရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တောင်သူ များ  ဝင်ငွေတိုးပွားလာအောင်  ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊  နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်လာသကဲ့သို့       ကျေးလက်နေ တောင်သူများ၏    လူနေမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာအောင်   မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  ယခုထုတ်လုပ် နေသည့်  ပြောင်းချဉ်ဖတ်သည်  ခြောက်သွေ့ကာလ တွင်  တိရစ္ဆာန်များ၏  အစာရှားပါးမှု ပြဿနာကို ဖြေရှင်းပေးပြီး  တိရစ္ဆာန်ကြီးထွားမှု၊  အသားနှင့် နို့ထုတ်လုပ်မှု   ပိုမိုကောင်းမွန်စေရန်   ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊  အရည်အသွေးစံချိန် စံညွှန်းများပြည့်ဝပြီး    ကျေးလက်နေပြည်သူများ အတွက်  အမှန်တကယ်  အကျိုးဖြစ်ထွန်းစေရန် အရေးကြီးပါကြောင်း၊  ယခုထုတ်လုပ်မှုသည် နမူနာ စံပြအနေဖြင့်  ဆောင်ရွက်ခြင်းဖြစ်ပြီး  ပုဂ္ဂလိက လုပ်ငန်းရှင်များမှ     ဆောင်ရွက်လိုပါကလည်း သမဝါယမစနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ဈေးကွက်ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း၊ လိုအပ်သည့် အရင်းအနှီးများ၊ နည်းပညာ များ  ရရှိနိုင်ရေးအတွက်   စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နှင့် ပေါင်းစပ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘေးကင်းလုံခြုံမှုရှိပြီး အာဟာရပြည့်ဝသည့် တိရစ္ဆာန်အစာများ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပါကြောင်း  ပြောကြား သည်။


ကြည့်ရှုစစ်ဆေး


ထို့နောက်    နေပြည်တော်ကောင်စီနယ်မြေ သမဝါယမဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေကို  Powerpoint ဖြင့်  ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး  စက်ရုံ၏  လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည်  ဥတ္တရသီရိခရိုင်  ဇေယျာသီရိမြို့နယ် သာယာ ကုန်းကျေးရွာအုပ်စု    ဝဲကြီးကျေးရွာသို့ ရောက်ရှိကာ ကျေးလက်ဒေသ    ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  တာဝန်ယူ    အကောင်အထည်ဖော်ဆောင်ရွက်နေ သည့် တောင်သူ သုံးဦး၊ စိုက်ပျိုးဧက (၂၁ ဒသမ ၅) ဧကကို အကျိုးပြုစေမည့် ဆိုလာစနစ်ဖြင့်  ဆင်သေ ချောင်းရေတင်လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တောင်သူ များ သီးနှံစိုက်ပျိုးရာတွင်  စက်သုံးဆီ အသုံးပြုမှု ကုန်ကျစရိတ်များ လျော့နည်းသက်သာလာစေရန်၊ ရာသီမရွေး  သီးနှံမျိုးစုံ  စိုက်ပျိုးထုတ်လုပ်လာနိုင် စေရန်တို့အတွက် ဆိုလာစနစ်ဖြင့် ချောင်းရေတင် လုပ်ငန်း စီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယင်းစီမံကိန်းကို ဆောင်ရွက်ပေးခြင်းဖြင့် ရေအရင်း အမြစ်များ  လုံလောက်စွာရရှိလာမည်ဖြစ်ပြီး သီးနှံ အထွက်နှုန်း     ပိုမိုကောင်းမွန်လာခြင်းတို့ကြောင့် မိသားစုဝင်ငွေ   ပိုမိုရရှိလာမည့်  Pilot စီမံကိန်း တစ်ခုလည်း ဖြစ်ပါကြောင်း၊  ဆက်လက်၍ ဆင်သေ ချောင်းတစ်လျှောက်  တောင်သူများမှ  ဆောင်ရွက် လိုပါက နည်းပညာ/အသိပညာများ ပူးပေါင်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ အရင်းအနှီး သက်သာ စွာဖြင့်  အကျိုးအမြတ်များများ  ရရှိလာနိုင်မည် ဖြစ်ပါကြောင်း ပြောကြားပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


သတင်းစဉ်