နေပြည်တော်ကောင်စီနယ်မြေ၊ အေလာမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့ရှိ အရေးကြီးနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်ရန် အကြမ်းဖက်သမားများ လွှတ်တင်ခဲ့သည့် fixed Wing များအားလုံး ပစ်ချဟန့်တားနိုင်ခဲ့

 

နေပြည်တော်   ဧပြီ   ၄


နေပြည်တော်ကောင်စီနယ်မြေ၊  ဇေယျာသီရိမြို့နယ်နှင့် အေလာ မြို့နယ်တို့ရှိ အရေးကြီးအဆောက် အဦများနှင့်    နေရာဌာနများအား ဖောက်ခွဲဖျက်ဆီးရန်နှင့် ပြည်သူ များ     အထိတ်တလန့်ဖြစ်စေရန်  ယုတ်မာကောက်ကျစ်သည့်အကြံ အစည်များဖြင့် အကြမ်းဖက်သမား များသည် ယနေ့နံနက် ၁၀ နာရီခွဲ ခန့်တွင် အေလာမြို့နယ်နှင့် ဇေယျာ သီရိမြို့နယ်အနီးတို့မှ Fixed Wing များ လွှတ်တင်ခဲ့ပြီး အကြမ်းဖက်  ဖောက်ခွဲရေး       လုပ်ရပ်များ လုပ်ဆောင်နိုင်ရန်       ကြံစည် ကြိုးပမ်းလာခဲ့သည်။


ထိုသို့ ကြံစည်ကြိုးပမ်းလာခဲ့ မှုအား      နေပြည်တော်ကောင်စီ နယ်မြေအတွင်း      လေကြောင်း  လုံခြုံရေးတာဝန်များထမ်းဆောင် လျက်ရှိသည့်     လေကြောင်းရန် ကာကွယ်ရေး      တပ်ဖွဲ့များက လေကြောင်းရန် ကာကွယ်ရေးစနစ် များဖြင့် ထောက်လှမ်းသိရှိခဲ့ရပြီး အဆိုပါ Fixed Wing များ အားလုံး ကို လက်ဦးမှုရယူ ဟန့်တားနိုင်ခဲ့ သည်။    ထိုသို့     လက်ဦးမှုရယူ ဟန့်တားနိုင်ခဲ့မှုကြောင့် နှစ်စင်းမှာ သတ်မှတ်နေရာမရောက်မီ လေထဲ တွင်ပေါက်ကွဲပျက်စီးခဲ့ပြီး အခြား  Fixed Wing အားလုံး ကိုလည်း ပစ်ချဟန့်တားနိုင်ခဲ့သည်။ အဆိုပါ ပစ်ချဟန့်တားခဲ့မှုကြောင့် မြေပြင် ပေါ်သို့ပျက်ကျခဲ့ရသည့်   Fixed Wing   များအနက်  ၁၃  စင်းအား သိမ်းဆည်းရရှိခဲ့ပြီး ၎င်းတို့ အနက် လေးစင်းတွင်  ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများပါရှိလာသဖြင့်    စနစ် တကျဖောက်ခွဲ ဖျက်ဆီးခဲ့ရသည်။ အခြားမြေပြင်ပေါ်သို့   ပျက်ကျခဲ့ သည့်   Fixed   Wing     များအား သိမ်းဆည်းရမိရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက  ဆက် လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 


ဖြစ်စဉ်များတွင်       လူနှင့် အဆောက်အဦများ ထိခိုက်ပျက်စီး မှုမရှိခဲ့ကြောင်းနှင့်       လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့်      အရေး ပေါ်အခြေအနေများတွင် ဖြစ်ပေါ် လာသော    အခြေအနေများအား လုံခြုံရေးအရ    ချက်ချင်းတုံ့ပြန် နိုင်ရေး     ဆက်လက်     ဆောင် ရွက်လျက်ရှိကြောင်း     သတင်း ရရှိသည်။


သတင်းစဉ်